ဧဒင်အချစ်ပုံပြင်: လှည်းတန်းခုံးကျော်တံတားကို ဧပြီ ၁ဝ ရက် နံနက် ၆ နာရီမှ စတင် ဖြတ်သန်းခွ င့်ပြုမည်၊ ယာဉ်ကြောပိတ် ဆို့မှု မရှိစေရန် လှည်းတန်းမီးပွိုင့် ကြာမြင့်ချိန်ကို လျှော့ချပြီး နာနတ်တော မီးပွိုင့်ကိုလည်း ဖြုတ်သိမ်းသွားမည်

Tuesday 9 April 2013

လှည်းတန်းခုံးကျော်တံတားကို ဧပြီ ၁ဝ ရက် နံနက် ၆ နာရီမှ စတင် ဖြတ်သန်းခွ င့်ပြုမည်၊ ယာဉ်ကြောပိတ် ဆို့မှု မရှိစေရန် လှည်းတန်းမီးပွိုင့် ကြာမြင့်ချိန်ကို လျှော့ချပြီး နာနတ်တော မီးပွိုင့်ကိုလည်း ဖြုတ်သိမ်းသွားမည်

Photo: လှည်းတန်းခုံးကျော်တံတားကို ဧပြီ ၁ဝ ရက် နံနက် ၆ နာရီမှ စတင် ဖြတ်သန်းခွ င့်ပြုမည်၊ ယာဉ်ကြောပိတ် ဆို့မှု မရှိစေရန် လှည်းတန်းမီးပွိုင့် ကြာမြင့်ချိန်ကို လျှော့ချပြီး နာနတ်တော မီးပွိုင့်ကိုလည်း ဖြုတ်သိမ်းသွားမည်
Tuesday, April 9, 2013 

အရှည် ၂၅ဝ၇ ပေရှိ လှည်းတန်းခုံးကျော် တံတားကို ဧပြ ၁ဝ ရက် နံနက် ၆ နာရီမှစ၍ ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ လှည်းတန်းမီးပွိုင့်ရှိ ရန်ကုန်-အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့ကို အသုံးပြုသွားလာမည့် ယာဉ်ကြောများကိုလည်း ယာဉ်ကြောပိတ်ဆို့မှု လျော့ကျရန် မီးပွိုင့်ကြာမြင့်ချိန်ကို ယခင်ထက် လျှော့ချသွားမည် ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယခု ဖြတ်သန်းခွင့်ပြုမည့် လှည်းတန်းခုံးကျော်တံတား တံတားပေါ်သို့ တန် ၆ဝ အထိ ယာဉ်များ ဖြတ်သန်းခွင့် ပြုထားကြောင်း၊ ရန်ကုန်-ပြည်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံး တံတားပေါ်မှ ဖြတ်သန်းသွားလာမည် ဖြစ်သောကြောင့် တံတားအဆင်း နာနတ်တောမီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေး အတွက်လည်း နာနတ်တောမီးပွိုင့်ကို ဧပြီ ၁ဝ ရက်မှစ၍ ဖြုတ်သိမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးသာဌေးက ဧပြီ ၉ ရက်က ကျင်းပသည့် လှည်တန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားသည်။

''လှည်းတန်းခုံးကျော်တံတားကို ဧပြီ ၁ဝ ရက် နံနက် ၆ နာရီကစပြီး ဖြတ်သန်းလို့ ရမှာပါ။ ရန်ကုန်-ပြည်လမ်းက ယာဉ်တွေကတော့ မီးပွိုင့်စောင့်စရာ မလိုဘဲ တံတားပေါ်က ဖြတ်သန်းသွားလာ နိုင်မှာပါ။ လှည်းတန်းမီးပွိုင့်မှာ တခြားရန်ကုန်-အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းကို အသုံးပြုမယ့် ယာဉ်တွေအတွက်ကို မီးပွိုင့်ကြာမြင့်ချိန်က အရင်ကထက် လျှော့မယ်။ တိတိကျကျ မသတ်မှတ်ရသေးပေမယ့် အရင်က စက္ကန့် ၂ဝ ပေးရင် အခု ၁၅ စက္ကန့် ဖြစ်ဖြစ် လျှော့ချပေးသွားဖို့ စီစဉ်ထားပါတယ်'' ဟုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''တံတားအဆင်း နာနတ်တောမီးပွိုင့်မှာ ကားတွေပိတ်နေမှာစိုးတဲ့ အတွက် နာနတ်တောမီးပွိုင့်ကို ဖျက်လိုက်ပါမယ်။ ဒါပေမယ့် ရပ်၊ ကြည့်၊ သွား စနစ်ဖြစ်တဲ့ အချက်မီးဝါ ထားရှိပြီး ယာဉ်ကြောရှင်းလင်း ပေးသွားမှာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲမှူးသာဌေးက ပြောသည်။

အဆိုပါ လှည်းတန်းခုံးကျော် တံတားသည် သံမဏိယက်မနှင့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်း အကျယ်- ၄၄ ပေ ၈ လက်မ၊ ပလက်ဖောင်း အကျယ် - ၃ ပေ(နှစ်ဘက်)၊ တံတားအကျယ် ၅ဝ ပေ ၈ လက်မ၊ တံတားအောက် ကင်းလွတ်အမြင့်- ၁၈ ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်- တန် ၆ဝ နှင့် ယာဉ်သွားလမ်း အကျယ် စုစုပေါင်း ၉၈ ပေ ၈ လက်မရှိပြီး တံတားအတွက် ကုန်ကျစရိတ် စုစုပေါင်းကုန်ကျစရိတ်မှာ ပဏာမ တွက်ချက်မှုများအရ ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံရှိကြောင်းလည်း သိရှိရသည်။
EMGအရှည် ၂၅ဝ၇ ပေရှိ လှည်းတန်းခုံးကျော် တံတားကို ဧပြ ၁ဝ ရက် ယနေ့နံနက် ၆ နာရီမှစ၍ ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...