ဧဒင်အချစ်ပုံပြင်: ထွန်းအိန္ဒြာဗိုနဲ့ အနက်ရောင်သင်္ကြန်ဖက်ရှင်

Tuesday 16 April 2013

ထွန်းအိန္ဒြာဗိုနဲ့ အနက်ရောင်သင်္ကြန်ဖက်ရှင်



မန္တလေးရောက် အဆိုတော်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက သူ့ရဲ့ Facebook Fan Page မှာ သူ့ရဲ့ သင်္ကြန်ပုံရိပ်တွေ တင်ထားပါတယ်။

သင်္ကြန်ကာလ သူ့ရဲ့ အဝတ်အစားတွေမှာ အနက်ရောင်ကဲနေတာ တွေ့ရမှာပါ။


သူ့ Facebook  လိပ်စာ  www.facebook.com/htunaeindrabo မှာ တွေ့ရတဲ့ ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။

 Facebook မျက်နှာဖုံးမှာလည်း ပျော်စရာသင်္ကြန် လို့ ရေးပြီး ဒီဇိုင်းဆင်ထားတာကြောင့် ထွန်းအိန္ဒြာဗိုက သူ့ Facebook ကို ပုံမှန် မွမ်းမံတယ်၊ အွန်လိုင်းပရိသတ်ကိုလည်း တော်တော် အလေးထားတယ်လို့ ဆိုနိုင်ပါတယ်။

အခုလေးတင် လွှင့်သွားတဲ့ ရုပ်သံအစီအစဉ်တခုမှာ မန္တလေးရောက် အဆိုတော်များနဲ့ ဒီညနေပိုင်း တွေ့ဆုံမေးမြန်းထားတာ ကြည့်ကြရမှာပါ။
ဒီညနေမှာလည်း ထွန်းအိန္ဒြာဗိုက အနက်ရောင် ၀တ်စုံ၊ အနက်ရောင်ဦးထုပ်နဲ့ လန်းဆန်းနေတာကို တွေ့လိုက်ရပါတယ်။ 



 အကြိုနေ့
 အကြတ်နေ့
 မေဆွိ၊  ဖြူဖြူကျော်သိန်းတို့နဲ့အတူ 

အကျနေ့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...