ဧဒင်အချစ်ပုံပြင်: ကာလီဖိုးနီးယားတွင် အက်စစ်ဖြင့်ပက်သူ ဖမ်းဆီးအရေးယူ

Tuesday 16 April 2013

ကာလီဖိုးနီးယားတွင် အက်စစ်ဖြင့်ပက်သူ ဖမ်းဆီးအရေးယူ



ကာလီဖိုးနီးယားတွင် အမျိုးသမီးတစ်ဦးသည် အက်စစ်ဖြင့် အပက်ခံရသဖြင့် ဆေးရုံသို့အရေးပေါ်တင်ပို့လိုက် ရပြီး ဆေးဝါးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
ကာလီဖိုးနီးယား၊ ဆင် ဒီရာဂိုမြို့တွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးကို အက်စစ်ဖြင့်ပက်ပြီး အကြောင်းမဲ့တိုက်ခိုက်မှုဖြင့် လူတစ်ဦးကို ဖမ်းဆီးလိုက်သည်။
အာတူရို ရီးယက်စ်ဆိုသူသည် အမျိုးသမီး၏ မျက်နှာနှင့် ကျောကုန်းများကို အက်စစ်ဖြင့်ပက်ပြီးနောက် ထွက်ပြေးသွားခဲ့သည်။ အခင်းဖြစ်စဉ်ကို ဓာတ်ဆီရောင်းသည့် ဆိုင်တစ်ဆိုင်မှ လျှို့ဝှက်ကင်မရာ မှတ်တမ်းယူ ထားနိုင်သဖြင့် ရဲများကလိုက်ဖမ်းရာ အခြားဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ဖမ်းဆီးရမိခဲ့သည်။
အာတူရိုသည် အဘယ်ကြောင့် အမျိုးသမီးကို တိုက်ခိုက်ကြောင်း မသိရသော်လည်း အတိုက်ခိုက်ခံရသည့်
အမျိုးသမီးမှာမူ ဆေးရုံတွင် ဆာလ်ဖျူရစ် အက်စစ်ဒဏ်ကို အပြင်းအထန် ခံစားနေရသည်ဟုဆိုသည်။
အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သော တရားခံ အာတူရိုကို ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဓာတုဆေးဝါး ဖြင့်တိုက်ခိုက်မှု၊ အများပြည်သူ ထိတ်လန့်စေရန် လုပ်ဆောင်မှု၊ ရမ်းကားမှု၊ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်မှုများဖြင့် တရားစွဲဆိုနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
ထိုအမှုအတွက် တရားခံသည် တစ်သက်တစ်ကျွန်းထောင်ဒဏ်ကျခံဖွယ်ရာရှိကြောင်းသိရသည်။ မျက်မြင် သက်သေများကလည်း အကြောင်းမဲ့သက်သက်ထွက်လာပြီး ရုတ်တရက် အက်စစ်ဖြင့်ပက်ကာ ထွက်ပြေး သွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။
Written by ရွှေမောင်
Category: မောက္ခနိုင်ငံတကာသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...