ဧဒင်အချစ်ပုံပြင်: ဒီမိုကရေစီနိုင်ငံမှ ကျောင်းသားအမူးသမားများ လေးဘက်ထောက်သွားရ

Tuesday 9 April 2013

ဒီမိုကရေစီနိုင်ငံမှ ကျောင်းသားအမူးသမားများ လေးဘက်ထောက်သွားရ


Photo: ဒီမိုကရေစီနိုင်ငံမှ ကျောင်းသားအမူးသမားများ လေးဘက်ထောက်သွားရ
Tuesday, April 9, 2013 

အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း အိုကလာဟိုးမားတက္ကသိုလ်တွင် ကျောင်းသားလေးဦးသည် နံနက် ၁ နာရီခွဲအထိ အရက်များသောက်ပြီးနောက် အဆောင်သို့ ပြန်လာကြသည်။ သူတို့အဆောင်နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ အရောက်တွင် ရဲများက သူတို့ကို ရပ်တန့်ခိုင်းလိုက်ပြီး စစ်ဆေးခဲ့သည်။

ရဲအရာရှိများက ကျောင်းသားများကို အများပြည်သူအနှောင့်အယှက်ဖြစ်စေမှုဖြင့် ဖမ်းဆီးပြီး၊ အဆောင်သို့ လေးဘက်ထောက်ပြန်လျှင် အပြစ်မှ လွှတ်ပေးမည်ဖြစ်ပြီး၊ သူတို့အမိန့်ပေးသည့်အတိုင်း မလိုက်နာလျှင် ဖမ်းဆီးအရေးယူခြင်းခံရမည်ဟုဆိုသည်။

ကျောင်းသား သုံးဦးက ရဲများအမိန့်ပေးသည့်အတိုင်း အဆောင်သို့ လေးဘက်ထောက်ပြန်ရန် သဘောတူသော် လည်း၊ အသက် ၂၂ နှစ်အရွယ် ဒီလန် ဖရစ်ဇဲလ်ဆိုသည့် ကျောင်းသားသည် ရဲများအမိန့်ပေးသည့်အတိုင်း လုပ်ဆောင်ရန် ငြင်းဆန်သဖြင့် သူ့ကို လက်ထိပ်ခတ်ပြီး ရဲများကဖမ်းဆီးသွားကြသည်။

“ကျွန်တော် လေးဘက်ထောက် မသွားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ လူသားတစ်ယောက် ပါ။ ကျွန်တော့် သူငယ်ချင်းသုံးယောက် လေးဘက်ထောက်သွားနေတုန်း ရဲတွေက ပြောင်လှောင်ကြတယ်” ဟု ဖရစ်ဇဲလ်ကပြောသည်။

ဖရစ်ဇဲလ်သည် ၅ နာရီခွဲတိုင်အောင် အချုပ်ခန်းအတွင်း နေခဲ့ရပြီးမှ ပြန်လွတ်လာခဲ့သည်။ သူအချုပ်မှ မလွတ်မီ ၈၄ ဒေါ်လာကို ဒဏ်ငွေအဖြစ်ပေးဆောင်ခဲ့ရကြောင်းလည်းသိရသည်။

အဖြစ်အပျက်ကို စိတ်ပျက်သဖြင့် ကျောင်းသားများက မီဒီယာမှတစ်ဆင့် ပြည်သူသို့ဖွင့်ချဖော်ထုတ်ခဲ့သည်။ ဝဲသာဖို့ဒ်ရဲစခန်းမှ တာဝန်ရှိသူများသည် ကျောင်းသားများအပေါ် ဤသို့ဆက်ဆံခြင်းမှာ တစ်ကြိမ်မကတော့ ကြောင်း၊ ယခင်ကလည်း ယခုလို လုပ်ဆောင်ခိုင်းမှုများရှိခဲ့ကြောင်း ဖရစ်ဇဲလ်က ပြောကြားသည်။

“ကျွန်တော်တို့ အရက်သောက်လာတာတော့မှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့က လူတွေပဲဗျာ လူလိုဆက်ဆံ မှပေါ့။ သူတို့ရဲတွေအပေါ် ကျွန်တော်တို့ကျောင်းသားတွေက မလေးမစားဆက်ဆံတာမျိုးတွေ မရှိပါဘူး။ ဒီလို ဆက်ဆံမှုမျိုးကိုတော့ စိတ်ပျက်မိပါတယ်” ဟု ဖရစ်ဇဲလ်ကပြောကြားသည်။

ကျောင်းသားများ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့တွင် ဌာနအတွင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရ သည်။ ရဲတပ်ဖွဲ့မှ စခန်းမှူး တော့ ဒိုယေးလ်က “ဒီလို ရဲတွေက လုပ်ဆောင်ခဲ့တာမှန်ရင် ကျွန်တော်တို့ဘက်က စည်းကမ်းအတိုင်း အရေးယူသွားမှာပါ” ဟုပြောကြားသည်။ အခင်းဖြစ်သည့်နေ့တွင် နယ်မြေ တာဝန်ယူထား သည့်ရဲများကို ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်ဟု သူကဆိုသည်။
မောက္ခ မဂ္ဂဇင်းအမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း အိုကလာဟိုးမားတက္ကသိုလ်တွင် ကျောင်းသားလေးဦးသည် နံနက် ၁ နာရီခွဲအထိ အရက်များသောက်ပြီးနောက် အဆောင်သို့ ပြန်လာကြသည်။ သူတို့အဆောင်နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ အရောက်တွင် ရဲများက သူတို့ကို ရပ်တန့်ခိုင်းလိုက်ပြီး စစ်ဆေးခဲ့သည်။

ရဲအရာရှိများက ကျောင်းသားများကို အများပြည်သူအနှောင့်အယှက်ဖြစ်စေမှုဖြင့် ဖမ်းဆီးပြီး၊ အဆောင်သို့ လေးဘက်ထောက်ပြန်လျှင် အပြစ်မှ လွှတ်ပေးမည်ဖြစ်ပြီး၊ သူတို့အမိန့်ပေးသည့်အတိုင်း မလိုက်နာလျှင် ဖမ်းဆီးအရေးယူခြင်းခံရမည်ဟုဆိုသည်။

ကျောင်းသား သုံးဦးက ရဲများအမိန့်ပေးသည့်အတိုင်း အဆောင်သို့ လေးဘက်ထောက်ပြန်ရန် သဘောတူသော် လည်း၊ အသက် ၂၂ နှစ်အရွယ် ဒီလန် ဖရစ်ဇဲလ်ဆိုသည့် ကျောင်းသားသည် ရဲများအမိန့်ပေးသည့်အတိုင်း လုပ်ဆောင်ရန် ငြင်းဆန်သဖြင့် သူ့ကို လက်ထိပ်ခတ်ပြီး ရဲများကဖမ်းဆီးသွားကြသည်။

“ကျွန်တော် လေးဘက်ထောက် မသွားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ လူသားတစ်ယောက် ပါ။ ကျွန်တော့် သူငယ်ချင်းသုံးယောက် လေးဘက်ထောက်သွားနေတုန်း ရဲတွေက ပြောင်လှောင်ကြတယ်” ဟု ဖရစ်ဇဲလ်ကပြောသည်။

ဖရစ်ဇဲလ်သည် ၅ နာရီခွဲတိုင်အောင် အချုပ်ခန်းအတွင်း နေခဲ့ရပြီးမှ ပြန်လွတ်လာခဲ့သည်။ သူအချုပ်မှ မလွတ်မီ ၈၄ ဒေါ်လာကို ဒဏ်ငွေအဖြစ်ပေးဆောင်ခဲ့ရကြောင်းလည်းသိရသည်။

အဖြစ်အပျက်ကို စိတ်ပျက်သဖြင့် ကျောင်းသားများက မီဒီယာမှတစ်ဆင့် ပြည်သူသို့ဖွင့်ချဖော်ထုတ်ခဲ့သည်။ ဝဲသာဖို့ဒ်ရဲစခန်းမှ တာဝန်ရှိသူများသည် ကျောင်းသားများအပေါ် ဤသို့ဆက်ဆံခြင်းမှာ တစ်ကြိမ်မကတော့ ကြောင်း၊ ယခင်ကလည်း ယခုလို လုပ်ဆောင်ခိုင်းမှုများရှိခဲ့ကြောင်း ဖရစ်ဇဲလ်က ပြောကြားသည်။

“ကျွန်တော်တို့ အရက်သောက်လာတာတော့မှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့က လူတွေပဲဗျာ လူလိုဆက်ဆံ မှပေါ့။ သူတို့ရဲတွေအပေါ် ကျွန်တော်တို့ကျောင်းသားတွေက မလေးမစားဆက်ဆံတာမျိုးတွေ မရှိပါဘူး။ ဒီလို ဆက်ဆံမှုမျိုးကိုတော့ စိတ်ပျက်မိပါတယ်” ဟု ဖရစ်ဇဲလ်ကပြောကြားသည်။

ကျောင်းသားများ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့တွင် ဌာနအတွင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရ သည်။ ရဲတပ်ဖွဲ့မှ စခန်းမှူး တော့ ဒိုယေးလ်က “ဒီလို ရဲတွေက လုပ်ဆောင်ခဲ့တာမှန်ရင် ကျွန်တော်တို့ဘက်က စည်းကမ်းအတိုင်း အရေးယူသွားမှာပါ” ဟုပြောကြားသည်။ အခင်းဖြစ်သည့်နေ့တွင် နယ်မြေ တာဝန်ယူထား သည့်ရဲများကို ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်ဟု သူကဆိုသည်။
မောက္ခ မဂ္ဂဇင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...