ဧဒင်အချစ်ပုံပြင်: ကသာမြို့အနီး ရွာတစ်ရွာတွင် ၁၅နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်မှုဖြစ်ပွား..

Thursday 25 April 2013

ကသာမြို့အနီး ရွာတစ်ရွာတွင် ၁၅နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်မှုဖြစ်ပွား..

ကသာမြို့နယ်အပိုင်၊မိဿလင်းအုပ်စု၊ပန်းခါးတောင်တွင် အသက်၁၅နှစ်အရွယ် သမီးအရင်းကို ဖခင်ဖြစ်သူမှအဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်၊နောက်ဆုံးအဓမ္မပြုကျင့်မှုခဲ့မှာ ၂၃၊၄၊၁၃ရက်နေ့
ည(၁၂)နာရီအချိန်တွင်ဖြစ်သော်လည်း လွန်ခဲ့သည့် (၂)ပါတ်ကျော်ကပင် စတင်အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောငှ်းအဓမ္မပြုကျင့်ခံခဲ့ရသည့် သမီးအရင်းဖြစ်သူ မသိင်္ဂီမှပြောပြပါသည်၊


လွန်ခဲ့သော(၂)ပါတ်ကျော်တွင်တစ်ကြိမ်၊သောကြာနေ့(ရက်မမှတ်မိ)ကတစ်ကြိမ်၊၂၁၊၄၊၁၃ရက်နေ့ကတစ်ကြိမ်နှင့် ယခု၂၄ရက်နေ့ညတွင်တစ်ကြိမ် စုစုပေါင်း(၄)ကြိမ်ကျူးလွန်ခဲ့သည်ဟုရဲစခန်းတွင် ထွက်ဆိုသွားပါသည်၊
ဖခင်ဖြစ်သူဦးချစ်ငွေ၊မသိင်္ဂီနှင့် မောင်ဖြစ်သူတို့သည် ပန်းခါးတောင် ခြေရင်းတွင် တောင်ယာလုပ်ကိုင်စားသောက်နေကြပြီး မိခင်မှာ လွန်ခဲ့သည့် (၃)နှစ်က ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါသည်၊၂၄ရက်နေ့ နံနက်တွငှ်အဓမ္မပြုကျင့်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့မှုအပေါ်
ကသာရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ပါသည်၊တိုင်ကြားမှုအရ ရဲအုပ်မျိုးခိုင်နှင့် ခရိုင်ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ဒုရဲအုပ်ဌေးဝင်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ပန်းခါးတောင်ခြေရှိ ဦးချစ်ငွေနေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ ဦးချစ်ငွေမှ အဖမ်းမခံဘဲ
ပန်းခါးတောင်ပေါ်သို့ လက်တစ်ဖက်တွင် ဒါးကိုင်၍အခြားလက်တစ်ဖက်တွင် အရက်ပုလင်း(ဘလူးမောင်တန်ဗူးခွံဖြင့်ထည့်ထား)ကိုင်ပြီး တက်ပြေးခဲ့ပါသည်၊ထိုဖြစ်စဉ်အပေါ်ရဲအုပ်မျိုးခိုင်မှ ဒါးမချပါက ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်းခြောက်လန့်ဖမ်းဆီးခဲ့ရကြောင်းပြောပြပါသည်၊
တရားလို၏ ပြောပြချက်အရ အဓမ္မပြုကျင့်သည့် အချိန်တိုင်းတွင် ဖခင်ဖြစ်သူမှာ အရက်သောက်စားထားလေ့ရှိကြောင်းသိရပါသည်၊ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကသာရဲစခန်းမှ (ပ)၁၀၈/၁၃ဖြင့် သတင်းပေးတိုင်ကြားချက်ရယူခဲ့ပြီး ပုဒ်မ၃၇၆အရ တရားစွဲဆိုတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါသည်၊(ဟာဂျူလီ-ကသာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...