ဧဒင်အချစ်ပုံပြင်: ရက်ဂေးပုံစံဖြင့် ငြိမ်းချမ်းရေးသီချင်းသီဆိုရန် စောဖိုးခွားပြင်ဆင်

Monday 1 April 2013

ရက်ဂေးပုံစံဖြင့် ငြိမ်းချမ်းရေးသီချင်းသီဆိုရန် စောဖိုးခွားပြင်ဆင်

DSC_0451
ရန်ကုန်၊ ဧပြီ ၁။
ပြီးခဲ့သည့် သြဂုတ်လတွင် ဖြည်းဖြည်းယောက်ဖ တေးစီးရီးကို ရက်ဂေးပုံစံဖြင့် အခွေထွက်ခဲ့သော တေးသံရှင် စောဖိုးခွားသည်  ငြိမ်းချမ်းရေး သီချင်းများကို ရက်ဂေးပုံစံသီးသန့်ဖြင့် သီဆို၍ ငြိမ်းချမ်းရေးသီချင်းခွေထွက်ရန်  ပြင်ဆင်နေကြောင်း သိရသည်။
ယင်းသီချင်းခွေသည် ငြိမ်းချမ်းရေးဆိုသော်လည်း ဖြစ်ရပ်မှန် အကြောင်းအရာများကိုပါ ထည့်သွင်းထားပြီး လွတ်လပ်စွာ သီဆိုမည်ဖြစ်ကာ ဘောင်ခတ်ထားသော ငြိမ်းချမ်းရေး သီချင်းများ မဟုတ်ကြောင်းသိရသည်။ ၎င်းအခွေတွင် သီချင်းဆယ်ပုဒ် ပါဝင်မည်ဖြစ်ပြီး အင်္ဂလိပ်သီချင်း သုံးပုဒ်လည်းထည့်သွင်း
သီဆိုမည်ဖြစ်ကြောင်း သိရသည်။ ထိုသီချင်း အားလုံးကို ကိုယ်တိုင်ရေးသားထားကြောင်း သိရသည်။
“ရက်ဂေးဆိုတာက စစ်မြေပြင်မှာတောင် ချစ်ခြင်းမေတ္တာကို ဖော်ဆောင်နိုင်တယ်။ ငြိမ်းချမ်းရေးကိုလည်း လွတ်လပ်စွာ ဦးတည်နိုင်တဲ့ အမျိုးအစားဖြစ်တယ်” ဟု စောဖိုးခွားက ပြောကြားသည်။
ထို့အပြင် ၎င်းအခွေကို ခေါင်းစဉ်အနေနဲ့ “ချစ်ပုံပြင် ၈၈”ဟု အကြမ်းပေးထားကြောင်းနှင့် ၎င်းအမည်မှာ အတည်တကျလည်း ဖြစ်သွားနိုင် ကြောင်း ဆက်လက် ပြောကြားသည်။ အဆိုပါ သီချင်းခွေအား ပြင်ဆင်နေသော်လည်း ထွက်ရန်အချိန်အား အတိအကျသတ်မှတ်ထားခြင်း မရှိသေးကြောင်းလည်း သိရသည်။
ပိုင်လေး
 မြန်မာ့ခေတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...