ဧဒင်အချစ်ပုံပြင်: သင်္ကြန်ကာလ နီးကပ်လာပြီဖြစ်သဖြင့် လူငယ်များ သင်္ကြန်ဖက်ရှင်များ စတင်ပြင်ဆင်

Monday 8 April 2013

သင်္ကြန်ကာလ နီးကပ်လာပြီဖြစ်သဖြင့် လူငယ်များ သင်္ကြန်ဖက်ရှင်များ စတင်ပြင်ဆင်

 
သင်္ကြန်ကာနီးကပ်လာပြီဖြစ်သဖြင့် လူငယ်များ သင်္ကြန်ပွဲဆင်နွှဲရန် ဖက်ရှင်တစ်ခုဖြစ်
သည့် အ၀တ်အစားများစတင်ဝယ်ယူ
 နေကြပြီဖြစ်သဖြင့် ဖက်ရှင်ဆိုင်များရောင်းအားကောင်းလျက်ရှိကြောင်း
 တော်ဝင်စင်တာရှိ Zoop ဖက်ရှင်ဆိုင်မှ 
အရောင်းတာဝန်ခံ ကိုအောင်ခိုင်ဝင်းက ပြောကြားသည်။
“သင်္ကြန်နီးလာတော့ ဖက်ရှင်ဆိုင်တွေရောင်းအားတတ်လာတာပေါ့။ 
အရင်ကထက် ရောင်းရတယ်။
 သင်္ကြန်တွင်း လူငယ်တော်တော်များများက တီရှပ်ဝတ်ကြတာများတော့ 
တီရှပ်တွေ ရောင်းကောင်းတယ်။ အခုနှစ်
 ဘောင်းဘီဆိုရင်အခု crazy colour တွေဝယ်ကြတာများတယ်” ဟု 
ကိုအောင်ခိုင်ဝင်းကပြောကြားသည်။
 
 သင်္ကြန်တွင်း ၀တ်ဆင်ရန် ၇၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ကြားဈေးနှုန်းရှိသည့် 
တီရှပ်များ ရောင်းအား ကောင်းလျက်ရှိပြီး
 ၁၀၀၀၀ကျပ်မှ၂၀၀၀၀ကျပ် ကြားဈေးနှုန်းရှိသည့် ဘောင်းဘီများ ကိုဝယ်ယူသူ
များ
ကြာင်း သိရသည်။
 သင်္ကြန်တွင်းတွင် လူငယ်များမှာ ဦးထုပ်ဝတ်ဆင်လေ့ရှိကြရာ ယခုနှစ်တွင် ဦးထုပ်ရှေ့ ခြမ်းတွင် ကြယ်သီးများ၊ ဘော်ကြယ်များ၊
 ကျောက်များတပ်ဆင်ကာ ဒီဇိုင်းထွင်ထားသည့် ဦးထုပ်များ ဈေးကွက်အတွင်းသို့ ၀င်ရောက်လာပြီး အဆိုပါ ဦးထုပ်များမှာ 
တန်ဖိုးတစ်သောင်းငါးထောင်ကျပ်နှင့် အထက် ရှိပြီး ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။
 “ညီမကတော့ ဒီနှစ်မဏ္ဍပ်ထိုင်မှာပါ။ ဆံပင်ကိုတော့ တစ်ခေါင်းလုံး ကျစ်ဆံမြှီးကျစ်မယ်။ အရင်နှစ်တွေ တုန်းကတော့ 
ကျစ်ဆံမြှီးကို ရောင်စုံကြိုးတွေထည့်ပြီး ကျစ်တာခေတ်စားတယ်။ ဒီနှစ်တော့ ရောင်စုံကြိုးမထည့်ဘူး။ အခုနောက် 
တစ်မျိုးပေါ်နေတာရှိတယ်။ ကျစ်ဆံမြီးတွေအပေါ်မှာ ကြယ်ပုံလေးတွေတပ်မယ်”  ဟု သင်္ကြန်အတွက် ပြင်ဆင်နေသူ 
မရွှေဇင်မေ ကပြောကြားသည်။
သင်္ကြန်အချိန်နီးကပ်နေပြီဖြစ်သဖြင့် အ၀တ်အစား ၀ယ်လိုအားတတ်နေပြီး အကျီင်္ဈေးများလည်း အနည်းငယ်တတ်လျှက်ရှိကြောင်း
 သိရသည်။
ဆုဝေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...