ဧဒင်အချစ်ပုံပြင်: ယဉ်ကြောရှုပ်ထွေးနချိန်ထိုင်ရာမထ၀ီစီမှုတ်နေသောယာဉ်ထိန်းရဲများအားစစ်ဆေးအရေးယူသွားမည်ဟုဆို

Tuesday 9 April 2013

ယဉ်ကြောရှုပ်ထွေးနချိန်ထိုင်ရာမထ၀ီစီမှုတ်နေသောယာဉ်ထိန်းရဲများအားစစ်ဆေးအရေးယူသွားမည်ဟုဆို


Photo: ယဉ်ကြောရှုပ်ထွေးနချိန်ထိုင်ရာမထ၀ီစီမှုတ်နေသောယာဉ်ထိန်းရဲများအားစစ်ဆေးအရေးယူသွားမည်ဟုဆို
Tuesday, April 9, 2013 

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောရှုပ်ထွေးနေသောနေရာ များသို့သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှညွှန်ကြားနေသည့်  ယာဉ်ထိန်းရဲများအား စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှအရာရှိတစ် ဦးကပြောသည်။

ရန်ကုန်မြို့အတွင်းလမ်းဆုံ များ၊ မီးပွိုင့်များနှင့်လမ်းမကြီးများ တွင် ယာဉ်ထိန်းရုံးငယ်များထားရှိ ပြီး လမ်းပိတ်ဆို့မှုများအားရှင်းလင်း ရန်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များ  အား မြန်ဆန်စွာစစ်ဆေးနိုင်ရန်  ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို တာဝန်ပေးထားသော်လည်း တချို့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ  မှာတာဝန်ပျက်ကွက်မှုများရှိနေ သည့်အတွက်အဆိုပါတာဝန်ပျက် ကွက်သည့်ယာဉ်ထိန်းရဲများအား သက်ဆိုင်ရာမြို့နယ်အလိုက်ယာဉ် ထိန်းတပ်ဖွဲ့စုမှူးများက စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“အရေးယူဆောင်ရွက်တဲ့ အပေါ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး  မှ ဒုတိယတပ်ဖွဲ့ခွဲမှူးရဲမှူးကယာဉ်  ထိန်းတပ်ဖွဲ့အနေနဲ့ အရည်အချင်း  ရှိတဲ့ ၀န်ထမ်းတွေမွေးထုတ်ဖို့လို  တယ်။ တာဝန်ပျက်ကွက်တဲ့ ၀န်ထမ်းတွေကိုလည်း စစ်ဆေးပြီး အရေးယူသွားမှာပါ။ ဒါအပြင် တချို့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ ကဒီလိုအချိန်မှာယာဉ်ရှုပ်နေတဲ့နေ  ရာကိုမသွားဘဲနဲ့ ထိုင်ပြီးစကား ပြောနေခြင်း၊ စာထိုင်ဖတ်နေခြင်း တွေကို သက်ဆိုင်ရာမြို့နယ်တွေ ရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးများက ရှောင်တခင်လှည့်ပတ်စစ်ဆေးသွား မှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

ပထမအကြိမ်အနေဖြင့် အသိပေးဆုံးမပြီး ဒုတိယအကြိမ်  တာဝန်ပျက်ကွက်ပါကနေရာပြောင်း ရွှေ့မူနှင့် ရာထူးလျော့ချမူစသည့်  အပြစ်ဖြင့် အရေးယူဆောင်ရွက်  သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းယာဉ်ထိန်း ရဲတပ်ဖွဲ့အင်အားကို ၁၄၀၀ ဦး အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ပပထွန်း
HotNewsJournalရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောရှုပ်ထွေးနေသောနေရာ များသို့သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှညွှန်ကြားနေသည့် ယာဉ်ထိန်းရဲများအား စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှအရာရှိတစ် ဦးကပြောသည်။

ရန်ကုန်မြို့အတွင်းလမ်းဆုံ များ၊ မီးပွိုင့်များနှင့်လမ်းမကြီးများ တွင် ယာဉ်ထိန်းရုံးငယ်များထားရှိ ပြီး လမ်းပိတ်ဆို့မှုများအားရှင်းလင်း ရန်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များ အား မြန်ဆန်စွာစစ်ဆေးနိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို တာဝန်ပေးထားသော်လည်း တချို့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ မှာတာဝန်ပျက်ကွက်မှုများရှိနေ သည့်အတွက်အဆိုပါတာဝန်ပျက် ကွက်သည့်ယာဉ်ထိန်းရဲများအား သက်ဆိုင်ရာမြို့နယ်အလိုက်ယာဉ် ထိန်းတပ်ဖွဲ့စုမှူးများက စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“အရေးယူဆောင်ရွက်တဲ့ အပေါ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယတပ်ဖွဲ့ခွဲမှူးရဲမှူးကယာဉ် ထိန်းတပ်ဖွဲ့အနေနဲ့ အရည်အချင်း ရှိတဲ့ ၀န်ထမ်းတွေမွေးထုတ်ဖို့လို တယ်။ တာဝန်ပျက်ကွက်တဲ့ ၀န်ထမ်းတွေကိုလည်း စစ်ဆေးပြီး အရေးယူသွားမှာပါ။ ဒါအပြင် တချို့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ ကဒီလိုအချိန်မှာယာဉ်ရှုပ်နေတဲ့နေ ရာကိုမသွားဘဲနဲ့ ထိုင်ပြီးစကား ပြောနေခြင်း၊ စာထိုင်ဖတ်နေခြင်း တွေကို သက်ဆိုင်ရာမြို့နယ်တွေ ရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးများက ရှောင်တခင်လှည့်ပတ်စစ်ဆေးသွား မှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

ပထမအကြိမ်အနေဖြင့် အသိပေးဆုံးမပြီး ဒုတိယအကြိမ် တာဝန်ပျက်ကွက်ပါကနေရာပြောင်း ရွှေ့မူနှင့် ရာထူးလျော့ချမူစသည့် အပြစ်ဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းယာဉ်ထိန်း ရဲတပ်ဖွဲ့အင်အားကို ၁၄၀၀ ဦး အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ပပထွန်း
HotNewsJournal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...