ဧဒင်အချစ်ပုံပြင်: အရောင်းထိုင်း CDMA 800 ဈေးကွက် ပြန်လှုပ်ခတ်ဖွယ်ရှိနေ

Thursday 4 April 2013

အရောင်းထိုင်း CDMA 800 ဈေးကွက် ပြန်လှုပ်ခတ်ဖွယ်ရှိနေ

တန်ဖိုးနည်း CDMA 800 MHz စနစ်သုံးဖုန်းများအား ဧပြီ(၂၄)ရက်တွင် ရောင်းချပေးမည်ဖြစ်သောကြောင့် ယခင်ဟန်းဆက်အရောင်းဆိုင်များတွင် အရောင်းထိုင်းခဲ့သော CDMA 800 MHz ဟန်းဆက်များ ရောင်းအား   ပြန်တက်လာနိုင်ကြောင်း ဟန်းဆက် အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
 
နဂိုက နောက်ထပ်ချပေးမယ့် ဖုန်းက GSM နဲ့ WCDMA ဆိုပြီး ထင်ထားတော့ ရောင်းဖို့
ဝယ်လှောင်တဲ့သူရော၊ ကြိုတင်ဝယ်ထားတဲ့သူပါ GSM Handset တွေပဲ အဓိကထား ရောင်းဝယ်နေကြတာလေ၊ မနေ့ည တရားဝင်   ကြေငြာတော့မှ ချထားပေးမယ့် ဖုန်းထဲမှာ CDMA 800 လိုင်းက ပိုများမယ်ဆိုတာကို သိရတယ်၊ ဒါကြောင့့််  CDMA 800 ဟန်းဆက်တွေ ပြန်ပြီး ရောင်းအားတက်မှာတော့ သေချာတယ် ” ဟု ဟန်းဆက်အရောင်းဆိုင်မှ မန်နေဂျာတစ်ဦးက သုံးသပ်သွားခဲ့သည်။
 
တန်ဖိုးနည်းဖုန်းများ ရောင်းချမည့် အစီအစဉ်၌ CDMA 800 စနစ်မရှိသည့် တိုင်းနှင့်ပြည်နယ်များ၌လည်း WCDMA ဖုန်းများ ချပေးသွားမည်ဖြစ်သဖြင့် GSM ဟန်းဆက်များ ရောင်းအားကျဆင်းနိုင်ဖွယ်မရှိဟု ၄င်းက ဆိုသည်။
 
မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ဧပြီ ၂၄ရက်နေ့တွင် တန်းဖိုးနည်းမိုဘိုင်းဖုန်းများရောင်းချပေးမည့်အစီအစဉ်ကို   မြန့်မာရုပ်မြင်သံကြားနှင့် မြ၀တီရုပ်သံလိုင်းများ၌ ဧပြီလ ၂ ရက်နေ့ ည ၈ နာရီသတင်းတွင် တရားဝင်ကြေငြာ ခဲ့သည်။
 
ဖုန်းတွေ စရောင်းခါမှ ဟန်းဆက်ဝယ်ရင် ဈေးပိုပေးရမှာစိုးလို့ ဟန်းဆက် ၀ယ်ထားတယ်၊ ၀ယ်တော့လည်း GSM ပဲ ၀ယ်ထားဖြစ်တယ်၊ အခုက CDMA တွေပဲချပေးမယ်ဆိုတော့ ဒုက္ခရောက်ပြီ၊မတတ်နိုင်ဘူးလေ၊ ၀ယ်ထားတာကို ပြန်ရောင်းပြီး CDMA ဟန်းဆက် ပြန်ဝယ်ရမှာပဲ၊ ဒါပေမယ့် SIM Cardရဲ့တန်ဖိုးက ကိုယ် ထင်ထားတာထက် အများကြီးသက်သာနေတာတော့ ၀မ်းသာတယ်ဟု တန်ဖိုးနည်းဖုန်းကို စောင့်စားနေသူ ကိုနေသူက ဆိုသည်။
 
ယခု CDMA ဟန်းဆက်ဈေးကွက်တွင် ကျပ် (၁၈၀၀၀) ၀န်းကျင် တန်ဖိုးရှိ ဖုန်းလိုင်း အဓိကထားသည့် ဟန်းဆက်အမျိုးအစားများမှစ၍ ကျပ်(၂၀၀၀၀၀) ကျော် တန်ဖိုးရှိ Function အစုံ ပါဝင်သည့် Android စနစ်သုံး Handset များ အထိ အမျိုးအစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိကြောင်းကိုလည်း ဖုန်းဈေးကွက်အတွင်းက သိရှိရသည်။
 
လက်ရှိလူသုံးများနေသည့် CDMA ဟန်းဆက်အမျိုးအစားများမှာ HUAWEI အမှတ်တံဆိပ်ဖြစ်ကြောင်းနှင့်   ငွေကြေးတတ်နိုင်သူများအနေဖြင့် Samsung အမှတ်တံဆိပ်များကို ၀ယ်ယူသုံးစွဲကြောင်း သိရှိရသည်။
 
လွင်ထူးကို(မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...