ဧဒင်အချစ်ပုံပြင်: ကောလာဟလ တခုကို Facebook မှာ ရှင်းနေတဲ့ သက်မွန်မြင့်

Monday 15 April 2013

ကောလာဟလ တခုကို Facebook မှာ ရှင်းနေတဲ့ သက်မွန်မြင့်



လုပ်ကြံဇာတ်ခင်းပြီး ရေးသားမှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေ
တယ်လို့ နာမည်ကျော် သရုပ်ဆောင် သက်မွန်မြင့်က ပြောလိုက်ပါတယ်။

သူ့ရဲ့ Facebook စာမျက်နှာကနေ ပြောလိုက်တာ ဖြစ်ပါတယ်။
အပြည့်အစုံက ဒီလိုပါ -

လူတွေဆိုတာ အံ့သြဖို့ကောင်းလိုက်တာ။
သူတစ်ပါး ဘယ်လိုခံစားရမလဲ၊ဘယ်လို ထိခိုက်နိုင်လဲ ဆိုတာကို မငဲ့ညှာဘူး။ လုပ်ချင်ရာ လုပ်တာပဲ။

အဲဒီ မျိုးအောင်သန်း ဆိုတာ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းထဲမှာ တောင် အဲဒီ နာမည်မရှိဘူး။ အဲလို အဆင့်အတန်းမရှိတဲ့သူတွေ မရှိဘူး။ဘာလို့ ဒီလို လုပ်ကြံဇာတ်တွေ ခင်းပြီးရေးရတာလဲ။

အနုပညာသမားလဲ လူပါပဲ။ လူ လူချင်း ကိုယ်ချင်းစာပေးသင့်ပါတယ်။
"ဝဋ်အမြဲ ငရဲအပ" လို့ပဲပြောလိုက်တော့မယ်။

ဘယ်သူတွေက ဘယ်လို လုပ်ကြံဇာတ်ခင်းပြီး ရေးသားနေသလဲ ဆိုတာတော့ မသိရပါဘူး။
သို့သော်လည်း သူ့ရဲ့ မှတ်ချက်ကို ဖတ်ရင် အနည်းအကျဉ်းတော့ နားလည်ကြမှာပါ။

သက်မွန်မြင့်က အဲဒီမှတ်ချက်ကို လွန်ခဲ့တဲ့ နာရီဝက်လောက်က ရေးခဲ့တာပါ။
အဲဒီအချိန်တိုအတွင်းမှာပဲ သူ့ရဲ့ ဖေ့စ်ဘုတ်ပရိသတ်တွေက မှတ်ချက်တွေ ၂ဝဝ ဝန်းကျင် ၀ိုင်းပေးကြ နှစ်သိမ့်ကြပါတော့တယ်။

အပြည့်အစုံကို သူ့ဖေ့စ်ဘုတ် http://www.facebook.com/pages/Thet-Mon-Myint/209260995781923?fref=ts မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ဒီဘလော့ http://blog.irrawaddy.org/2012/12/blog-post_8165.html မှာ ဖော်ပြခဲ့တဲ့ နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သက်မွန်မြင့် ငြင်းဆန် ဆိုတဲ့ သတင်းကိုလည်း ဖတ်သင့်ပါတယ်။

irrawaddy
တင်ထားသောသတင်းမှား.............
မကြာသေးမီကကျင်းပခဲ့သောစိုင်းစိုင်းမွေးနေ့စတိတ်ရှိုးတွင်စိုင်းစိုင်းခမ်းလှိုင်ကသက်မွန်မြင့်အား ပွေ့ချီနေ
သည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။ ယင်းပုံနှင့်ပတ်သက်၍သက်မွန်မြင့်၏ချစ်သူဖြစ်သူကိုမျိုးအောင်သန်းကFujiHouse အမည်ရှိ ကော်ဖီဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကားများခဲ့ကြကြောင်း သိရသည်။

ထို့နေ့ကမျက်မြင်တွေ့သူများက ပြောကြားရာတွင်ကိုမျိုးအောင်သန်းမှာအနည်းငယ် မူးယစ်နေခဲ့ကြောင်း
စိုင်းစိုင်းအားတွေ့သည်နှင့် အပြေးလျှောက်သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင်မှာ ရန်ပြုမည့် အသွင်မျိုးဖြစ်နေ၍ဘေးလူများက၀ိုင်းဝန်းဆွဲကြရာမှအနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်း သိရ
သည်။

ပြဿနာမှအကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်းသိရှိလိုက်ရသူများအဖို့ဟာသသဖွယ် ပြောစရာတစ်ရပ်
 ဖြစ်သွားခဲ့လေသည်။

Credit @ ဖြိုးဝေ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...