ဧဒင်အချစ်ပုံပြင်: ကိုရီးယားအဆိုတော့ PSY ၏ Gentleman အမည်ရှိ Music Video ကို တောင်ကိုရီးယား KBS ရုပ်သံလိုင်း ပိတ်ပင်

Thursday 18 April 2013

ကိုရီးယားအဆိုတော့ PSY ၏ Gentleman အမည်ရှိ Music Video ကို တောင်ကိုရီးယား KBS ရုပ်သံလိုင်း ပိတ်ပင်

ကိုရီးယားအဆိုတော့ PSY ၏ Gentleman M/V အား တောင်ကိုရီးယား KBS ရုပ်သံလိုင်း ပိတ်ပင်

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Korean Broadcasting Service (KBS) အနေဖြင့် ကမ္ဘာကျော် ကိုရီးယားအဆိုတော် PSY ၏ Music Video အသစ်ဖြစ်သည့် Gentleman အား ထုတ်လွှင့်ပြသခြင်းမှ ပိတ်ပင်ခဲ့သည်။ 

အကြောင်းမှာ PSY အနေဖြင့် အဆိုပါ M/V ထဲ၌ အများပိုင် ပစ္စည်းများအား ဖျက်ဆီးပြသည့် ရိုက်ကွက်များ ပါဝင်နေခြင်းကြောင့်ဟု ဆိုသည်။ ဥပမာအားဖြင့် ယာဉ်မရပ်ရဟု သတ်မှတ်ကန့်သတ်ထားသည့် ကတော့ချွန်များအား လမ်းလျှောက်ရင်း ကန်ကျောက်ခဲ့သည့် ရိုက်ကွက်မှာ အများပြည်သူအား ပြသရန် မသင့်တော်ဟု KBS မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

Gentleman သည် ကမ္ဘာကျော် Gagnam Style M/V ၏ အဆက်အဖြစ် ပြီးခဲ့သည့် သတင်းပတ်အတွင်းက YouTube ပေါ်၌ စတင်ပြသခဲ့ပြီး တစ်ပတ်အတွင်း ကြည့်ရှုမှုအကြိမ်ပေါင်း ၁၃၉ သန်း ရှိခဲ့သည်။ 

အသက် ၃၉ နှစ်အရွယ် ကိုရီးယားအဆိုတော့ PSY ၏ Gangnam Style M/V သည် ကြည့်ရှုကြိမ်ပေါင်း ၁.၅ ဘီလီယံကျော်ဖြင့် YouTube ပေါ်တွင် သရဖူဆောင်းထားပြီး PSY အားလည်း YouTube ၏ ဘုရင်ဟု ကင်ပွန်းတပ်ထားကြသည်။

Myanmar Consumer Guide, Rangonnewsdaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...