ဧဒင်အချစ်ပုံပြင်: Russia မှာ 40-story Chechnya မိုးမျှော်တိုက်ကြီး မီးလောင်

Wednesday 3 April 2013

Russia မှာ 40-story Chechnya မိုးမျှော်တိုက်ကြီး မီးလောင်

ယမန်နေ့က Russia နိုင်ငံတောင်ပိုင်း Grozny မြို့ 40-story မိုးမျှော်တာဝါကြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။


အသေအပျောက်မရှိ၊ ဒဏ်ရာရသူမရှိပေမယ့် မိုးမျှော်တိုက်ကြီးနှင့်အနီးတ၀ိုက် လူ ဒါဇင်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပါတယ်။ Russian International News Agency (RIA Novosti) ရဲ့ပြောကြားချက်အရ ၀ါယာရှော့ကြောင့်လို့သိရပါတယ်။ အစောက်ဦးအပြင်ဘက် ပလပ်စတစ် ထွင်းမင်းများလောင်ကျွမ်းပြီး အစောက်ဦးအတွင်းပိုင်း မထိခိုက်ဘူးလို့ သတင်းအေဂျင်စီ ပြောပါတယ်။

မီးလောင်နေစဉ်မှာ အစောက်ဦးမှာ နေထိုင်သူမရှိကြောင်း သိရပါတယ်။ အန္တရာယ်အရပ်မှစွန့်ခွာသွားရသူတွေဟာ အလုပ်သမားတွေလား၊ ယာယီနေထိုင်ကြသူတွေလားဆိုတာ သေချာမသိရသေးပါဘူး။
ဒီမိုးမျှော်တိုက်ကြီးဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက် ၁၄၀ မီတာ မြင့်ပြီး ဒီဒေသမှာ အမြင့်ဆုံး ဖြစ်ကြောင်းသိရပါသည်။

Source: CNN
NaingLinn ဘာသာပြန်
 www.facebook.com/ZinYawNews

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...