ဧဒင်အချစ်ပုံပြင်: ဟိုတယ်၏ မြေအောက်ခန်းရှိမီးခံသေတ္တာအတွင်းမှ ဒေါ်လာနှင့်မြန်မာငွေခိုးယူသူအားဖမ်းဆိးရမိ

Thursday 30 May 2013

ဟိုတယ်၏ မြေအောက်ခန်းရှိမီးခံသေတ္တာအတွင်းမှ ဒေါ်လာနှင့်မြန်မာငွေခိုးယူသူအားဖမ်းဆိးရမိ

Photo: ဟိုတယ်၏ မြေအောက်ခန်းရှိမီးခံသေတ္တာအတွင်းမှ
 ဒေါ်လာနှင့်မြန်မာငွေခိုးယူသူအားဖမ်းဆိးရမိ

၂၃.၅.၂၀၁၃ ရက်နေ့ ညနေပိုင်းတွင် ပုဇွန်တောင်မြို့နယ်၊ ဟိုတယ်တစ်ခု၏ မြေအောက်ခန်းရှိ မီးခံသေတ္တာ အတွင်းမှ အမေရိကန်ဒေါ်လာ ၁၅၂၀ ၊ မြန်မာငွေ ၁၃၈၂၄၅ ကျပ်တို့
ပျောက်ဆုံးနေ၍ ဟိုတယ်ရှိ CCTV မှတ်တမ်းများအရ ညစောင့်ဝန်ထမ်းဖြစ်သူ အောင်ကိုကို၏ မသင်္ကာဖွယ် လှုပ်ရှားမှုများတွေ့ရှိကြောင်း ဟိုတယ်တာဝန်ရှိသူတစ်ဦးမှ ပုဇွန်တောင်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၀၁/၂၀၁၃ ၊ပုဒ်မ ၃၈၁ ဖြင့်အမှုဖွင့်
စုံစမ်းခဲ့ပြီး အဆိုပါမသင်္ကာသူ အောင်ကိုကို(ဘ)ဦးနေ၀င်း
အားအသေးစိတ် စစ်ဆေးခဲ့ရာ ဟိုတယ်မှ ပျောက်ဆုံးသွားသည့်
ဒေါ်လာနှင့်မြန်မာငွေများကိုခိုးယူခဲ့ပြီး ကျောက်တံတားမြို့နယ်၊ 
မဟာဗန္ဓုလ ပန်းခြံအနီးတွင် လူမြင်မှတ်မိ ကုလားတစ်ဦးထံ
ဒေါ်လာငွေ ၁ ဒေါ်လာလျှင် ၉၁၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရာ
ငွေကျပ် ၁၃၈၀၀၀၀ိ/- ရရှိခဲ့ကြောင်း၊ အဆိုပါရရှိငွေဖြင့် ရွှေဘုံသာလမ်းရှိရွှေဆိုင်မှ ရွှေချိန် (၁)ကျပ်သား ရွှေတုံးတစ်တုံးဝယ်ယူခဲ့ကြောင်း၊ ကျန်ငွေများကိုသုံးစွဲခဲ့ရာ ငွေကျပ် ၃သိန်းသာကျန်ရှိတော့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်းမှသက်သေခံပစ္စည်း များသိမ်းဆည်းကာ အောင်ကိုကိုအား ဖမ်းဆီးအရေးယူ ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...