ဧဒင်အချစ်ပုံပြင်: လှိုင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခြင်း

Thursday 30 May 2013

လှိုင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခြင်း

Photo: လှိုင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခြင်း

၃၀.၅.၂၀၁၃ ရက်နေ့ ၂၁၂၅ အချိန် လှိုင်မြို့နယ် ၁၆ ရပ်ကွက်၊ ဦးဖိုးမှန်လမ်း၊ အမှတ် ၃/၄ ရှိ ဒေါ်တင်အေး၊ (ဘ)ဦးသာဇံ 
ပိုင်စက္ကူစက်၌ သားဖြစ်သူ ဦးသူရထွန်း၊ (ဘ) ဦးဝန်တိလွင်မှ စက္ကူအဟောင်းများအား စက်ဖြင့်ကြိတ်စဉ် အဆိုပါစက်မှ 
ဝါယာရှော့ဖြစ်ပြီး အနီးရှိစက္ကူအိတ်များအား မီးကူးစက်ခဲ့ပြီး မီးညွှန့်မထွက်ဘဲ မီးခိုးများအူထွက်လျက်ရှိသဖြင့် 
မီးသတ်ယာဉ်(၁၁)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီးဖြင့် 
ငြိမ်းသတ်ခဲ့ရာ ၂၂၀၀ အချိန် ငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်သည့်နေရာသို့  မီးသတ်ညွှန်ချုပ်ဦးတင်မိုး၊ လှိုင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၊ ခရိုင်ရဲမှူး(ဦးစီး)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ရောက်ရှိစစ်ဆေးခဲ့ကြောင်းနှင့် 
အမှုဖွင့်အရေးယူရန် စီစဉ်ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...