ဧဒင်အချစ်ပုံပြင်: ၁၄-၅-၂၀၁၃ ရက် တနင်္လာနေ့ အင်္ဂါနေ့ နံနက် (၀၀း၃၀)နာရီအထိတော့ ခန့်မှန်းတဲ့အတိုင်းဖြစ်မလာသေးပါ။

Monday 13 May 2013

၁၄-၅-၂၀၁၃ ရက် တနင်္လာနေ့ အင်္ဂါနေ့ နံနက် (၀၀း၃၀)နာရီအထိတော့ ခန့်မှန်းတဲ့အတိုင်းဖြစ်မလာသေးပါ။


Photo
(၁၃-၅-၂၀၁၃)ရက်နေ့အထိ Mahasen နဲ့ပတ်သက်တဲ့ data တွေ ရလာတော့ မဟာဆန်သူကို (၁၃-၅-၂၀၁၃)ရက်နေ့ ညနေ(၆)နာရီခွဲမှာ စတင်ပြီး NNE ကို စပြောင်းတော့မယ်လို့ ခန့်မှန်းထား ခဲ့ပေမယ့် Mahasen ဟာ NW ကိုဆက်လက်ရွေ့လျှားနေဆဲဖြစ်ပါတယ်။ မကွေ့သေးပါဘူး။

ဒါပေမယ့် (၁၃-၅-၂၀၁၃)ရက်နေ့ ည(၉)နာရီခွဲအချိန် ထုတ်ပြန်ချက်မှာတော့ (၁၄-၅-၂၀၁၃) ရက်နေ့ မနက်ပိုင်းမှာ NNE ကွေ့မယ်လို့ ခန့်မှန်းထားဆဲဖြစ်ပါတယ်။ မေလ(၁၆-၁၇)မှာ
ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်ကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနီးက ဖြတ်ကျော် လိမ့်မယ်ဆိုတဲ့ မူလခန့်မှန်းချက်ကတော့ မပြောင်းလဲသေးပါဘူး။

အဲ...ထူးခြားလာတာတစ်ခုကတော့ မုန်တိုင်းဟာ ကမ်းခြေကိုဖြတ်ကျာ်ပြီးတဲ့နောက် ကုန်းတွင်းပိုင်းမှာ ချင်ပြည်နယ်၊၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့ ကချင်ပြည်နယ်တွေအထိ ဆက်လက်ရွေ့လျှားမယ်ဆိုတာပါလာပါတယ်။

ဒီတော့.. (၁၄)ရက်နေ့ မနက်အထိ စောင့်ကြည့်ရပါဦးမယ်...။

နွားသေကို ကြိုးချီပြီး အပိုင်လုပ်လို့ရပေမယ့် မုန်တိုင်းဆိုတာကတော့ ဒီလိုပါဘဲဗျာ။
အလွန် စိတ်ရှည်၊ ဇွဲကောင်း ရပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...