ဧဒင်အချစ်ပုံပြင်: သရုပ်ဆောင် ရဲတိုက်အား ချုပ်ရက်ရမန်ပေးပြီး ဗိုလ်တထောင် ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထား

Wednesday 29 May 2013

သရုပ်ဆောင် ရဲတိုက်အား ချုပ်ရက်ရမန်ပေးပြီး ဗိုလ်တထောင် ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထား

Photo: သရုပ်ဆောင် ရဲတိုက်အား ချုပ်ရက်ရမန်ပေးပြီး ဗိုလ်တထောင် ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထား

Created on Thursday, 30 May 2013 

မေ ၂၈ ရက်က ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်းအတွင်း သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်အား ဗိုလ်တထောင် ရဲစခန်း၌ပင် ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။
သရုပ်ဆောင် ရဲတိုက်အား ဘုရားကျောင်း သာသနာ့ အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက တရားလိုအဖြစ် တိုင်တန်းခဲ့သဖြင့် ဗိုလ်တထောင် ရဲစခန်းမှ လူတစ်စား ကိုးကွယ်သည့် ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည်၊ ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က)ဖြင့် အမှုဖွင့် ထိန်းသိမ်းခဲ့ပြီး သက်သေ အထောက်အထား စစ်ဆေးရန်အတွက် ဆက်လက်ထိန်းသိမ်းရန် ချုပ်မိန့်ရမန် တောင်းခံခဲ့ရာ ဗိုလ်တထောင်မြို့နယ် တရားရုံးမှ ၎င်းအား ဗိုလ်တထောင် ရဲစခန်းတွင် ဆက်လက်ချုပ်ထားရန် မေ ၂၉ ရက် မွန်းလွဲပိုင်းက ချုပ်မိန့်ရမန် ပေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိန်ဝေက "လက်ရှိ ရမန်ပေးထားတဲ့ အတွင်းမှာပဲ စစ်ဆေးလို့ သက်သေခိုင်လုံရင် တရားစွဲ တင်ပို့သွားလို့ ရတယ်" ဟု မေ ၂၉ ရက် ညနေ ၆ နာရီ အချိန်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ထို့ပြင် ဘုရားကျောင်း သာသနာ့အကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်းက "ကျွန်တော်တို့ဘက်က အမှားမရှိဘဲ မှန်တယ်ဆိုတာကို သက်သေပြပြီး သရုပ်ဆောင် ရဲတိုက်အနေနဲ့ သူမှားကြောင်း လူသိရှင်ကြား တောင်းပန်ရင်တော့ ကျွန်တော်တို့ဘက်က ကျေအေးပေးသွားပါမယ်" ဟု The Daily Eleven သတင်းစာသို့ မေ ၂၉ ရက် ညနေပိုင်းက ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင် ရဲတိုက်အား တရားရုံး၌ ချုပ်ရက်ရမန်ယူစဉ် The Daily Eleven က မေးမြန်းရာ "ကျွန်တော် မှားတယ်ဆိုရင်တော့ တောင်းပန်မှာပေါ့" ဟု ပြန်လည်ဖြေကြားခဲ့သည်။

သရုပ်ဆောင် ရဲတိုက်အား တရားရုံးသို့ ရမန်ယူရန် ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

Credit to>>>Eleven

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...