ဖေ့စ်ဘွတ်
မကြိုက်တဲ့သူ တော်တော်ရှားပါးတဲ့ ခေတ်ကြီးထဲ မှာ ပြည်တွင်း ပြည် Celebrity
အားလုံးက Facebook အတော်ကြိုက်ကြ ပါတယ်။ သို့ပေမယ့် ရှားရှားပါးပါးပဲ
ဗြိတိန် နောက်ဆုံး ဂျိမ်းဆဘွန်းမင်းသား ဒန်နီယမ် ခရစ် ကတော့ Facebook မကြိုက်ဘူးလို့ သိရပါတယ်။ ဒါ့အပြင်...Twitter လည်း မကြိုက်ဘူးလို့ ဆိုပါတယ်။
ယမန်နှစ်ကတည်းက သူကိုယ်တိုင် ဝန်ခံထားတဲ့ စကား ဖြစ်ပါတယ်။ " မနက်အိပ်ယာထတယ်။ ကြက်ဥကြော်စားတယ်။ Facebook လည်းမလိုအပ်သလို၊ Twitter လည်း မလိုအပ်ပါဘူး" လို့ သူကိုယ်တိုင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မသေချာလို့ Daniel Craig အမည်နဲ့ Facebook Page များကို ရှာဖွေကြည့်ရာမှာ သူကိုယ်တိုင် မဟုတ်ကြောင်း ဝန်ခံထားတဲ့ Page တွေကို ပိုတွေ့ ရပါတယ်။ တကယ်လည်း မသုံးဘူးလို့ ပြောကြားထားပါတယ်။
အင်တာနက်တောင် အသုံးနည်းတယ်လို့ ဆိုပါတယ်။ ဆိုရှယ်နတ်ဝေါ့ခ်ကို အသုံးပြုရတာ ငြီးငွေ့တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဒန်နီယမ်ဟာ အခြား မင်းသား၊မင်းသမီးများနဲ့စာရင် ပရိတ်သတ်နဲ့ ထိတွေ့မှုနည်းပုံ ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် သူ Facebook မကြိုက်တာကတော့ ပရိတ်သတ် များအတွက် အထူးအဆန်း ဖြစ်ရပါတယ်။
--
Ref: masefact
ရိုးရာလေး

No comments:
Post a Comment