ဧဒင်အချစ်ပုံပြင်: အမျိုးသား တစ်ဦး၏ ဦးခေါင်းအတွင်း ၁၅ နှစ်ကြာ စိုက်ဝင်နေသည့် ခဲတံ တစ်ချောင်းကို ၈ျာမန် ဆရာဝန်များ ဖယ်ရှားနိုင်ခဲ့

Thursday 30 May 2013

အမျိုးသား တစ်ဦး၏ ဦးခေါင်းအတွင်း ၁၅ နှစ်ကြာ စိုက်ဝင်နေသည့် ခဲတံ တစ်ချောင်းကို ၈ျာမန် ဆရာဝန်များ ဖယ်ရှားနိုင်ခဲ့

ဘာလင်   မေ   ၃ဝ
အာဖဂန် နစ္စတန်နိုင်ငံမှ အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦး၏ ဦးခေါင်းအတွင်း၌  ၁၅ နှစ်ကြာ စိုက်ဝင်နေခဲ့သော လေးလက်မ အရွယ်ခဲတံ တစ်ချောင်းကို ဂျာမနီနိုင်ငံ အာချင် တက္ကသိုလ် ဆေးရုံမှ ဆရာဝန်များက အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ အမျိုးသားသည် ဦးခေါင်း ကိုက်ခဲမှု ဝေဒနာကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး   မျက်လုံး
တစ်ဖက်မှာလည်း အမြင်အာရုံ ချို့ယွင်း လာခဲ့သောကြောင့် အာချင် တက္ကသိုလ် ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီးနောက် ဆရာဝန်များက ၎င်း၏ ဦးခေါင်းအား Scan ဖတ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လေးလက်မ အရွယ်အစားရှိ ခဲတံ တစ်ချောင်းသည် ၎င်း၏ ဦးခေါင်းခွံ အတွင်း  လေလမ်းကြောင်းမှ အစာရေပြွန်ထိ စိုက်ဝင်နေပြီး အဆိုပါ ခဲတံသည် ၎င်း၏ ညာဘက် မျက်လုံးအိမ် ကိုလည်း ဒဏ်ရာ ရရှိစေခဲ့သည်ဟု သိရသည်။
ထို့နောက်တွင် ဆရာဝန်များသည် ၎င်း၏ ဦးခေါင်းအတွင်းမှ ခဲတံကို ဖယ်ရှားနိုင် ခဲ့သောကြောင့် ယခုအခါတွင် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း ၎င်းအမျိုးသားက ပြောကြားခဲ့သည်။ ထို့ပြင် ၎င်း၏ ဦးခေါင်းအတွင်းသို့ ခဲတံ မည်သို့ စိုက်ဝင်သွားခဲ့သည်ကို မသိခဲ့ကြောင်း၊ သို့သော် ကလေးဘဝက တစ်ကြိမ် ဆိုးရွားစွာ လဲကျဖူးသည်ကိုသာ ပြန်လည် သတိရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ ခွဲစိတ်ကုသမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ယခုသီတင်းပတ်တွင် ပြုလုပ်မည့် ဆေးပညာ နှီးနှော ဖလှယ်ပွဲတွင် တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း ဆေးရုံမှ ပြောရေး ဆိုခွင့်ရှိသူ မက်သစ်ခ် ဘရန်စတက်ဒ် တာက မေ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...