ဧဒင်အချစ်ပုံပြင်: မူဆယ် ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Thursday 16 May 2013

မူဆယ် ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Photo: မူဆယ် ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

၂၀၁၃ခုနှစ်၊ မေ ၁၆ရက် ည ၉နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူဆယ် ရဲစခန်းမြောက်ဘက် ၆ ဖာလုံခန့်အကွာ ဟိုမွန် ရပ်ကွက်၊ သစ်တောရုံးလမ်းရှိ မြို့နယ်သစ်တော ၀န်ထမ်း အိမ်ယာ ခြံဝင်း၏ အနောက်တောင်ဘက် ခြံစည်းရိုးနှင့် ကပ်လျက် အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ နယ်မြေခံ တပ်မတော်သား များနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ ဆံပင်ရှည် အမျိုးသား အလောင်း(၁)လောင်း (အမည်/ နေရပ် လိပ်စာ စိစစ်ဆဲ) ၀မ်းဗိုက် ပွင့်ထွက်ကာ ၀ဲခြေထောက်နှင့် ၀ဲဘက်လက် ကြေမွ ပြတ်တောက် ဒဏ်ရာများဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ရှိခဲ့ရသည်။

စစ်ဆေး တွေ့ရှိချက်များ အရ သေဆုံးသူမှာ အဆိုပါ ဗုံးထောင်သူဟု ယူဆရကြောင်းနှင့် ၎င်းဖြစ်စဉ်အား တာဝန်ရှိသူများမှ ဆက်လက် စုံစမ်း ဖော်ထုတ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။

http://bit.ly/YNEZJ6

မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...