ဧဒင်အချစ်ပုံပြင်: နမ့်ခမ်းမူးယစ်အထူးအဖွဲ့ တိုက်ခိုက်ခံရ...

Thursday 27 June 2013

နမ့်ခမ်းမူးယစ်အထူးအဖွဲ့ တိုက်ခိုက်ခံရ...

နမ့်ခမ်းမြို့နယ် မူးယစ်အထူးအဖွဲ့သည်နမ့်ခမ်းမြို့နယ် လွယ်လင်ကန်
ကျေးရွာတွင် ဇွန်လ(၂၅)ရက်နေ့၊ ညနေ(၆) နာရီအချိန်မှာ ဗုံးခွဲတိုက်ခိုက်
ခံရတယ်လို့ နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ
သိရသည်။ ယခုလိုဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် မူးယစ်အထူးအဖွဲ့မှ


ရဲတပ်သားတစ်ဦးကျဆုံးခဲ့ပြီး၊ နှစ်ဦးဒဏ်ရာအပြင်းအထန် ရရှိကြောင်း
သိရသည်။နမ့်ခမ်းမြို့နယ် မူးယစ်အထူးအဖွဲ့သည်သတင်းရရှိချက်အရ
လွယ်လင်ကန်ကျေးရွာတွင် သွားရောက်စောင့်ဆိုင်းစဉ် ယခုလိုဗုံးခွဲ
တိုက်ခိုက်ခံရခြင်း ဖြစ်ပြီးယခုအချိန်ထိမူးယစ်အထူးအဖွဲ့ကိုဗုံးခွဲတိုက်ခိုက်
သောတရားခံ ဖမ်းဆီးရမိခြင်း မရှိသေး၍ စုံးစမ်းဆဲဖြစ်ကြောင်းသိရသည်။
ယခုနှစ်မေလအတွင်းက နမ့်ခမ်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ
ပရိယတ္တိစာသင်တိုက်ကျောင်းအနီးတွင် ရဲတပ်ဖွဲ့ကိုချုံခိုတိုက်ခိုက်မှု ဖြစ်ပွား
ခဲ့ပြီးယင်းတိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရရှိ
ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...