ဧဒင်အချစ်ပုံပြင်: နယူးဇီလန်တွင် ၁၅ ထပ်အမြင့်မှ ပြုတ်ကျသူတစ်ဦး အံ့အားသင့်ဖွယ် အသက်ရှင်

Tuesday 18 June 2013

နယူးဇီလန်တွင် ၁၅ ထပ်အမြင့်မှ ပြုတ်ကျသူတစ်ဦး အံ့အားသင့်ဖွယ် အသက်ရှင်

Photo: နယူးဇီလန်တွင် ၁၅ ထပ်အမြင့်မှ ပြုတ်ကျသူတစ်ဦး အံ့အားသင့်ဖွယ် အသက်ရှင်
Tuesday, June 18, 2013

တနင်္ဂနွေနေ့ နံနက် လင်းအားကြီးချိန်က အသက်(၂၀)အရွယ် အမျိုးသား တစ်ဦးသည် (၁၅)ထပ် အမြင့်မှ ပြုတ်ကျခဲ့ကြောင်း ရဲများက အတည်ပြုခဲ့ပြီး တနင်္လာနေ့တွင် အခြေအနေ သက်သာ တည်ငြိမ်လာပြီဟုဆို . . .

နယူးဇီလန် နိုင်ငံတွင် (၁၅)ထပ် အမြင့်မှ ပြုတ်ကျသူ တစ်ဦး အသက်မသေခဲ့ဘဲ အံ့ဩဖွယ်ရာ အခြေအနေ ပြန်လည် တိုးတက်လာကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့ နံနက် လင်းအားကြီးချိန်က အသက်(၂၀)အရွယ် အမျိုးသား တစ်ဦးသည် (၁၅)ထပ် အမြင့်မှ ပြုတ်ကျခဲ့ကြောင်း ရဲများက အတည်ပြုခဲ့ပြီး တနင်္လာနေ့တွင် အခြေအနေ သက်သာ တည်ငြိမ်လာပြီဟု ဆိုသည်။ အသက်(၂၀)အရွယ် အမျိုးသားသည် (၁၄)ထပ်ရှိ ၎င်း၏ အခန်းထဲတွင် သော့ပိတ်မိနေခဲ့ပြီးနောက် အပေါ်ထပ် တစ်ထပ်သို့ လှမ်းတက်ကာ ထိုမှတစ်ဆင့် ဘေးရှိ အဆောက်အအုံ တစ်ခုသို့ကူးရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် လက်တွေ့ ခုန်ကူးစဉ် ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

ထိုသူသည် မြေပေါ် အကျတွင် အနီးရှိ အဆောက်အအုံ တစ်ခုမှ အမိုးပေါ် ဦးစွာကျခဲ့သေးကြောင် ရဲများက ဆိုသည်။ အစောပိုင်းက ၎င်း၏ အခြေအနေကို အရေးပေးအဆင့် သတ်မှတ်ခဲ့သော်လည်း ယခုအခါ တိုးတက် တည်ငြိမ်လာကြောင်း သိရှိရသည်။ နယူးဇီလန်ဟာရဲလ် သတင်းစာက ပြုတ်ကျသူမှာ တွမ်စတီးလ်ဝဲလ် အမည်ရှိ ဗြိတိန်သား တစ်ဦးဖြစ်ပြီး အားလပ်ရက် အပန်းဖြေမှုအဖြစ် ရောက်ရှိနေခြင်းဟု ဖော်ပြခဲ့သည်။ ၎င်း၏ မိတ်ဆွေ ဒေ့ဗ်သောမတ်စ်က စတီးဝဲလ်သည် လည်ပင်းနှင့် ကျောရိုးတို့တွင် ကျိုးအက်နေခဲ့ပြီး အတွင်းဒဏ်ရာများလည်း ရှိနေကြောင်း ပြောကြားခဲ့သည်။

(၁၅)ထပ်တွင် နေထိုင်သည့် ဂီရဲလ်ဒင်း ဘာတစ္စတူတာ "ညနှစ်နာရီလောက်ကြီး တံခါးလာခေါက်တယ်။ ကျွန်မထွက်ကြည့်တော့ သူက လသာဆောင်ကနေ တစ်ဖက်ကို ကူးခွင့်ပေးပါလို့ ခွင့်တောင်းတယ်။ နည်းနည်းတော့ သောက်ထားပုံပဲ။ ကြောက်စရာတော့ မကောင်းပါဘူး။ ကျွန်မက သူတကယ် မခုန်ဘူးလို့ ထင်ခဲ့တာ။ နောက်တော့ ကြောက်စရာတွေ ဖြစ်လာတာပဲ"ဟု ပြောကြားခဲ့သည်။ "အရမ်းမြန်တယ်။ စက္ကန့်ပိုင်းလေးမှာတင် ဖြစ်သွားတာ။ အကူအညီတောင်းဖို့တောင် ကျွန်မ အော်ချိန် မရလိုက်ဘူး။ စက္ကူတစ်ရွက်လို ပြုတ်ကျသွားတော့တာပဲ"ဟုလည်း သူမက ဆိုသည်။ ဆေးရုံမှ ဆရာဝန်များကမူ ယခုအမြင့်နှင့် ၎င်း၏ ကိုယ်အလေးချိန် တွက်ချက်မှုများအရ အသက်မသေဘဲ ရှိနေသည်မှာ အလွန် အံ့ဩဖွယ်ရာ အခြေအနေ တစ်ရပ်ဟု ဝန်ခံ ပြောကြားထားသည်။ 

Planet.com.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...