ဧဒင်အချစ်ပုံပြင်: ပိုက်ဆံအိပ်လုယူသွားသူအား ဖမ်းဆီးရမိ

Friday 14 June 2013

ပိုက်ဆံအိပ်လုယူသွားသူအား ဖမ်းဆီးရမိ

Photo: ပိုက်ဆံအိပ်လုယူသွားသူအား ဖမ်းဆီးရမိ

၁၄.၆.၂၀၁၃ ရက်နေ့ (၂၀၀၀) အချိန် လသာမြို့နယ်နေ
ဦးမျိုးမြင့်၊ (၆၀)နှစ်၊ (ဘ) ဦးကျင်လှိုင်သည် လမ်းမတော်မြို့နယ်၊ (၁၆)လမ်းဘက်မှ ဈေးဝယ်ပြီးပြန်လာစဉ် အနော်ရထာလမ်းနှင့် လမ်းမတော်လမ်းထောင့်မီးပွိုင့်အရောက် ဦးမျိုးမြင့်၏၀ဲဘက်ချိုင်းတွင်ညှပ်ထားသော Luck Duck အညိုရောင်ပိုက်ဆံအိတ်အား လူငယ်တစ်ဦးမှ လုယူ၍ထွက်ပြေးသွားသောကြောင့် ပတ်ဝန်းကျင် သို့အော်ဟစ်အကူအညီတောင်းခံခဲ့၍ ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းလူငယ်မှာ ဟိန်းထက်ပိုင် (ခ)နောင်နောင်ဦး၊ (ဘ)ဦးချိုဦး၊ ဒလမြို့နေသူဖြစ်ပြီး ပိုက်ဆံအိတ်အတွင်း ထည့်ထားသည့်
တစ်ထောင် ကျပ်တန်ငွေစက္ကူ (၄၈၀၀၀ိ/-)ကျပ်၊ ဆူဇူကီးတံဆိပ်ပါကားသော့(၁)ချောင်း၊ တိုယိုတာ 
ကားကွန်ထရိုး(၁)ခု၊ SAMSUNG အမျိုးအစားလက်ကိုင်ဖုန်း 
(၁)လုံးနှင့် HUAWEI အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံး တို့ ပြန်လည်သိမ်ဆည်း ရမိသဖြင့် ဟိန်းထက်ပိုင်(ခ)
နောင်နောင်ဦးအား လသာမြို့မရဲစခန်း (ပ) ၁၄၁/၂၀၁၃၊ 
ပုဒ်မ ၃၈၂ ဖြင့် အရေးယူ ထားရှိကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...