ဧဒင်အချစ်ပုံပြင်: ဘော်စတွန်မြို့ ဗုံးပေါက်ကွဲမှု ဒဏ်ရာ ရရှိသူများကို လှူဒါန်းရန် ရော့ခ်ကာကြီးများ ဖျော်ဖြေပွဲကျင်းပ(vedio)

Tuesday 4 June 2013

ဘော်စတွန်မြို့ ဗုံးပေါက်ကွဲမှု ဒဏ်ရာ ရရှိသူများကို လှူဒါန်းရန် ရော့ခ်ကာကြီးများ ဖျော်ဖြေပွဲကျင်းပ(vedio)

Photo: ဘော်စတွန်မြို့ ဗုံးပေါက်ကွဲမှု ဒဏ်ရာ ရရှိသူများကို လှူဒါန်းရန်
 ရော့ခ်ကာကြီးများ ဖျော်ဖြေပွဲကျင်းပ
Tuesday, June 04, 2013

ဧပြီလ ၁၅ရက်က ဘော်စတွန်မြို့က မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူများကို လှူဒါန်း ငွေပေးအပ်ရန် အဲရိုစမစ်( Aerosmith)၊ ဂျိမ်းစ်တေလာ(James Taylor) နှင့် ဂျင်မီဘက်ဖက် (Jimmy Buffett)ကဲ့သို့ ကမ္ဘာကျော် ရော့ခ်ကာကြီးများက မေလ ၃ဝ ရက် တွင် ရန်ပုံငွေ ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။ ၄င်းဖျော်ဖြေပွဲကို ဘော်စတွန်မြို့၏ TD ဥယျာဉ်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး လူပေါင်း တစ်သောင်းခုနစ်ထောင်ကျော် လာရောက် အားပေးခဲ့ကြသည်။ 

၎င်းဖျော်ဖြေပွဲမှ အမေရိကန် ဒေါ်လာ ၃၁သန်းကျော် ရရှိခဲ့ပြီး အားလုံးကို One Fund ရန်ပုံငွေ အဖွဲ့အား လှူဒါန်းခဲ့ကြောင်း သိရသည်။ ဘော်စတွန်မြို့ ဗုံးပေါက်ကွဲမှုတွင် လူသုံးဦး သေဆုံးခဲ့ပြီး ၂၆၄ ဦး ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် အများစု မှာ ခြေထောက် ပြတ်သည့် အထိ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...