ဧဒင်အချစ်ပုံပြင်: တရုတ်တွင် မိုးသည်းထန် မြေပြိုမှုများကြောင့် လူ ၉ ဦးသေဆုံး

Thursday 11 July 2013

တရုတ်တွင် မိုးသည်းထန် မြေပြိုမှုများကြောင့် လူ ၉ ဦးသေဆုံး

Photo: တရုတ်တွင် မိုးသည်းထန် မြေပြိုမှုများကြောင့် လူ ၉ ဦးသေဆုံး
Thursday, 11 July 2013

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုများ ဖြစ်ပေါ်ရာ လူ(၉)ဦး သေဆုံးပြီး (၆၂)ဦးမျှ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့မှစကာ နိုင်ငံ အနောက်တောင်ပိုင်း ဒေသများရှိ ကျေး ရွာအချို့တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အိမ်နှင့် တံတားအချို့ ပြိုကျ ပျက်စီးခဲ့သည်။ 

ထို့အပြင် လမ်းပမ်း ဆက်သွယ်ရေးများ ပိတ်ဆို့ပြီး ဒါဇင်ပေါင်း များစွာသော ကျေးရွာများနှင့် အဆက်အသွယ် ပြတ်နေကြောင်း သတင်းများက ဆိုသည်။ တနင်္လာနေ့မှ စတင်ကာ ဆီချွမ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၁.၄၅) သန်းကျော်သည် ဆိုးရွားသော ရာသီဥတုဒဏ်ကို ခံစားခဲ့ကြရသည်။ 

ဆီချွမ်ကဲ့သို့ တောင်ထူထပ်သော နေရာများတွင် ရာသီဥတု ဆိုးရွားမှု ၏ နောက်ဆက်တွဲအဖြစ် မြေပြိုမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဒေ
သဆိုင်ရာ အာဏာပိုင်များက ဇိုဇင်းမြို့နယ်တွင် မြေပြိုမှုများ ဖြစ်ပွားရာ (၉)ဦး သေဆုံးပြီး (၂၁) ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ပြော ကြားခဲ့သည်။ 

CCTV သတင်းဌာနက အရှိန်အဟုန်နှင့် စီးဆင်းနေသော ရွှံ့ရည်များ ဖြတ်သန်းနေသော အပျက်အစီးများကို ပြသခဲ့သည်။ ဂျီအန်ယူမြို့တွင် လူ(၁၂)ဦးနှင့် မော်တော်ယာဉ် (၆)စင်းထက် မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။ 

ဗုဒ္ဓဟူးနေ့က နောက်ထပ် မြေပြိုမှုတစ်ခု ဖြစ်ပွားရာ လူ(၂၀၀၀)မျှသည် ဥမင်တစ်ခုထဲတွင် ပိတ်မိနေခဲ့သေးသည်။ လတ်တလောတွင် ဘီချွန်းခရိုင်ရှိ အဓိက လမ်းပိုင်းကို ရှင်းလင်းမှုများ အရေးပေါ် လုပ်ဆောင်နေရသည်။ ယင်းသည် ကျေးရွာပေါင်း (၄၀)ကျော်ကို ဆက်သွယ်ပေးသည့် လမ်းလည်းဖြစ်သည်။ လတ်တလောတွင် မုန်တိုင်းများကြောင့် ဆီချွမ်မှ လူပေါင်း (၁၁၀၀၀၀)ကျော်ကို နေရာပြောင်းရွှေ့ ပေးထားရကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...