ဧဒင်အချစ်ပုံပြင်: ကမ္ဘာ့ ပထမဆုံး အကြိမ် လေပြွန်အတုဖြင့် အစားထိုး ကုသမှု ခံယူခဲ့သည့် ကလေးငယ် အခြား ရောဂါဖြင့် သေဆုံး

Thursday 11 July 2013

ကမ္ဘာ့ ပထမဆုံး အကြိမ် လေပြွန်အတုဖြင့် အစားထိုး ကုသမှု ခံယူခဲ့သည့် ကလေးငယ် အခြား ရောဂါဖြင့် သေဆုံး

ဝါရှင်တန်  ဇူလိုင်   ၉
အမေရိကန် ပြည်ထောင်စုတွင် လွန်ခဲ့သော သုံးလက ကမ္ဘာပေါ်တွင် ပထမ ဆုံးအကြိမ် လြွေပန် အတုဖြင့် အစားထိုး ကုသမှုခံ ယူခဲ့သော သုံးနှစ်နီးပါးအရွယ် မိန်းကလေးငယ် တစ်ဦးသည်
အခြား ရောဂါဝေဒနာဖြင့် ကွယ်လွန် သွားခဲ့ပြီဖြစ်ကြောင်း အီလီနွိုက်စ် ပြည်နယ် ကလေးဆေးရုံက  ဇူလိုင် ၈ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ဟာနာအမည်ရှိ အဆိုပါ ကလေးငယ်သည် ဧပြီလတွင် ပင်မဆဲလ် နည်းပညာဖြင့် လေပြွန် အစားထိုးကုသမှု ခံယူခဲ့ရာ အောင်မြင်မှု ရရှိခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းမှ အဆုတ်၏ လုပ်ဆောင်မှုသည် အားနည်းချို့ယွင်း လာသောကြောင့် ဇူလိုင် ၆ ရက်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သူမ၏မိဘများက ပြောကြားခဲ့သည်ဟု သိရသည်။
ဟာနာကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လက ခဲရာခဲဆစ် မွေးဖွားခဲ့ရပြီး သူမထံတွင် မွေးရာပါလေပြွန် မပါရှိသောကြောင့် ဆေးရုံ၌သာ တစ်ချိန်လုံးထား ရှိခဲ့ရကြောင်း သိရသည်။ သို့သော်လည်း အီလီနွိုက်စ်ပြည်နယ် ကလေးဆေးရုံမှ ဆရာဝန်များ သည် ဟာနာ၏ ရိုးတွင်းခြင်ဆီမှ ပင်မဆဲလ်များနှင့် non-absorbable nanofibers များကို အသုံးပြုပြီး လေပြွန် အတုတစ်ခုကို ဖန်တီး၍ လေပြွန်အစားထိုး ကုသပေးခဲ့ရာ အောင်မြင်မှု ရရှိခဲ့သော်လည်း ၎င်း၌ ထပ်မံ၍ ခံစားနေရသော ရောဂါဝေဒနာကို ကျော်လွှား နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
 myawady.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...