ဧဒင်အချစ်ပုံပြင်: သမီးရည်းစားချိန်းတွေ့ရာမှ အလိုမတူပြုကျင့်မှုဖြစ်ပွား

Friday 19 July 2013

သမီးရည်းစားချိန်းတွေ့ရာမှ အလိုမတူပြုကျင့်မှုဖြစ်ပွား


လားရှိုးမြို့အတွင်း ညဉ့်အချိန်မတော် သမီးရည်းစား ချိန်းတွေရာမှ အဓမ္မသားမယား အဖြစ်ပြုကျင့်ခံရပြီး အမှတ်(၁)ရဲစခန်းသို့ တိုင်တန်းအမှုဖွင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၁)၊ ပါရမီလမ်းသွယ်(၇)တွင် နေထိုင်သော အမျိုးသမီးငယ်

တစ်ဦးသည်ရပ်ကွက်(၇)ကွက်သစ်နေ ယူစွပ်(ခ) မျိုးဝင်းခိုင်(၂၁)နှစ် ဆိုသူနှင့်သမီးရည်းစားဖြစ်ခဲ့ပြီး ဧပြီလ(၈)ရက်နေ့ ညဥ့် ၁၂နာရီခန့်တွင် ပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင် အနောက်ဖက် သစ်သားခုံပေါ်တွင်အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့သားမယားအဖြစ် ပြုကျင့်သည်ကို ချက်ချင်းမပြောခဲ့ဘဲနေခဲ့ရာ ကိုယ်ဝန်နှစ်လ ရှိလာသည့် အခါမှသာ အလိုမတူဘဲ သားမယား ပြုကျင့်သော ရည်းစားဖြစ်သူ ယူစွပ်(ခ) မျိုးဝင်းနိုင်အား အရေးယူပေးပါရန် ဇူလိုင်လ (၇)ရက်နေ့တွင် လားရှိုးမြို့ အမှတ်(၁) ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း ယင်းရဲစခန်းမှ သိရသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက်၍ အမှတ်(၁) ရဲစခန်းမှ (ပ) ၃၆၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ဖြင့် ယူစွပ်(ခ)မျိုးဝင်းနိုင်အားအမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

စိုင်းကံသာ(လားရှိုး)

မြန်မာ့ခေတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...