ဧဒင်အချစ်ပုံပြင်: လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြုလုပ်မှုများရှိနေ

Friday 19 July 2013

လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြုလုပ်မှုများရှိနေ

Photo: လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြုလုပ်မှုများရှိနေ
Friday, July 19, 2013

လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နေရာအချို့ရှိ သုံးဘီးယာဉ်များပေါ်တွင် လောင်းကစားများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လျှက် ရှိလာကြသောကြောင့် မှုခင်းကြိုတင် ကာကွယ်သော အနေဖြင့် သတိပေး အရေးယူရန် လိုအပ်လျက် ရှိကြောင်း မြင်တွေ့ရသူ အများစုက ပြောကြသည်။

“ဒီအနေအထားတွေက မြို့ရဲ့အနာဂတ်အတွက် ရင်လေးစရာဘဲဗျာ။ ကျနော်လည်း ဒါမျိုးနှစ်နေရာ သုံးနေရာလောက်ကို တွေ့ဘူးနေတာ။ ဒါကိုတာဝန်ရှိတဲ့ သူတွေသေချာ အရေးယူဖို့တော့လိုမယ်။ လူတွေက တိုင်ကြားဖို့ ဆိုတာကလည်း ဘယ်လောက်ထိ တိုင်ကြားမှာလည်းဗျာ။ နေရာတိုင်း တိုင်နေရရင်လည်း မဟုတ်သေးဘူဗျ။ ဒီအတိုင်းဆိုရင် ကျနော်တို့မြို့ရဲ့ အလားအလာ မကောင်းဘူး”ဟု လောင်းကစား ပပျောက်လိုသူမြို့ခံ တစ်ဦးက ပြောသည်။              

ယင်းသို့ လောင်းကစားများ ပြုလုပ်ရာတွင် နံနက်မှစ၍ တနေကုန်အထိ လောင်းကစား လုပ်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ညမိုးချုပ်သည့် အချိန်ထိပင် သုံးဘီးမီးထွန်းကာ လောင်းကစား ပြုလုပ်ကြကြောင်း သိရသည်။

“ကျွန်တော်က မြို့ပြင်ကို ဆီသွားထည့်တာ အသွားကလည်း မော်တော်ပီကယ်ရုံနားက လမ်ဘေးမှာ သုံးဘီးတစ်စီး လမ်းမှာထိုးထားပြီး သုံးဘီးပေါ်မှာ လူတွေစုနေတာတွေ့တယ်။ ဒီလိုနဲ့ ဆီထည့်ပြီး ပြန်လာတော့လည်း အဲ့ဒီနားမှာလူတွေ စုနေတာတွေ့လို့ ဘာဖြစ်တာလဲ ယာဉ်တိုက်မှု ဖြစ်တာလားလို့ မေးလိုက်မိတာ ဘာယာဉ်တိုက်မှုမှ မဖြစ်ဘူး။ ပွတ်နေတာဗျ ဒီမှာရှုံးနေရတဲ့အထဲဆိုပြီး ပြောတယ်”ဟု ကိုယ်တိုင်တွေ့ ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။        

လာရှိုးမြို့တွင် ယခင်ကထိုသို့သုံးဘီးယာဉ်များပေါ်၌ ပေါ်ပေါ်ထင်ထင် လောင်းကစားမှုများ မရှိခဲ့သော်လည်း လာရှိုးမြို့  ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်းတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြခြင်းဖြစ်ကြောင်း တွေ့ရှိသူများက ပြောကြသည်။

စိုင်းကံသာ(လားရှိုး)

မြန်မာ့ခေတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...