James Bond ဇာတ်ကားများထဲတွင် တွေ့မြင်ရလေ့ရှိသည့် လျှို့ဝှက် သူလျှိုအသုံးအဆောင် အချို့ကို အမေရိကန် ထောက်လှမ်းရေးဌာန CIAက ထုတ်ဖော် ပြသလိုက်သည်။ CIA အေးဂျင့်များသည် အဆိုပါ ပစ္စည်းများကို စစ်အေးကာလ အတောအတွင်းက အသုံးပြုခဲ့ကြောင်းလည်း သိရှိရသည်။
James Bond ဇာတ်ကားများထဲတွင် တွေ့မြင်ရလေ့ရှိသည့် လျှို့ဝှက် သူလျှိုအသုံးအဆောင် အချို့ကို
အမေရိကန် ထောက်လှမ်းရေးဌာန CIAက ထုတ်ဖော် ပြသလိုက်သည်။ CIA အေးဂျင့်များသည် အဆိုပါ ပစ္စည်းများကို စစ်အေးကာလ အတောအတွင်းက အသုံးပြုခဲ့ကြောင်းလည်း သိရှိရသည်။ ယခု သီတင်းပတ်အတွင်း CIAက အများပြည်သူ လေ့လာရန် ထုတ်ပြလိုက်သော စစ်အေးခေတ် သူလျှို အသုံးအဆောင်များသည် James Bond ဇာတ်ကားများတွင် နည်းပညာ အကြံပေး တစ်ဦးအဖြစ် တာဝန်ယူသူ ပညာရှင်Q၏ စိတ်ကူးများပင် ဖြစ်သည်။ James Bondဇာတ်ကား From Russia With Loveတွင် ရိုဆာ ကလက်ဘ် ဝတ်ဆင်ခဲ့သည့် အဆိပ်လူး ဓားသွား မြှုပ်နှံထားသည့် ရှူးဖိနပ်မျိုးသည် တစ်ချိန်က CIA အေးဂျင့်များ အမှန်တကယ် အသုံးပြုခဲ့ကြောင်း သိရသည်။
ယခင် CIA အကြီးအကဲဟောင်း အလန်ဒူးလက်စ်သည် James Bondဇာတ်လမ်းများ ဖန်တီးသူ အီယန်ဖလီးမင်းနှင့် (၁၉၅၀)ပြည့် လွန် နှစ်များက မိတ်ဆွေများ ဖြစ်လာကြသည်။ ထို့နောက်တွင်မူ Q၏လက်ရာ လျှို့ဝှက် သူလျှို အသုံးအဆောင်များကို CIAအတွက် စတင်မှာယူခဲ့ခြင်း ဖြစ်သည်။ ဗြိတိန် ရေတပ် ထောက်လှမ်းရေး အရာရှိဟောင်း ဖလီးမင်းသည် (၁၉၅၉)ခုနှစ်က အမေရိကန် ၏ ထောက်လှမ်းရေး နည်းပညာများနှင့် ပတ်သက်ပြီး ဒူးလက်စ်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြ ဝေဖန်ခဲ့သည်။
ဒူးလက်စ်ကလည်း ယင်းကို လက်ခံခဲ့ပြီး CIAအတွက် ကောင်းမွန်သော အကြံဉာဏ်များ တောင်းခံခဲ့သည်။ ဖလီးမင်းသည် တစ်ချိန်က "CIAဌာန တစ်ခုလုံး အလုပ်လုပ်တာကို James Bondလိုလူ နည်းနည်းလောက်နဲ့ တာဝန်ယူလို့ ရတယ်"ဟု ပြောကြားဖူးသည်။ ယခုအခါ CIAအနေဖြင့် ၎င်းတို့သည် နာမည်ကျော် ဗြိတိသျှ ထောက် လှမ်းရေး သူလျှိုကြီး၏ ပစ္စည်းများကို တစ်ချိန်က ပုံတူကူး အသုံးပြုခဲ့သည်ကို ဝန်ခံခဲ့ခြင်းလည်း ဖြစ်သည်။ (၁၉၆၄)ခုနှစ်က ရိုက်ကူးသည့် James Bondဇာတ်ကား Goldfingerမှ ခြေရာခံ ကိရိယာမျိုးကိုပင် CIAက တုပ တီထွင်ဖူးသော်လည်း နည်းပညာ အားနည်းချက်များကြောင့် အရာမထင်ခဲ့
ဟု သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment