ဧဒင်အချစ်ပုံပြင်: အမျိုးသမီးအယောက် ရာပေါင်းများစွာရဲ့ စကပ်အပေါ်ပိုင်း ဗွီဒီယိုမှတ်တမ်းများ ရိုက်ခဲ့သူ

Wednesday 7 August 2013

အမျိုးသမီးအယောက် ရာပေါင်းများစွာရဲ့ စကပ်အပေါ်ပိုင်း ဗွီဒီယိုမှတ်တမ်းများ ရိုက်ခဲ့သူ

skirtviedosPHOTO: LIM SIN THAI
စင်္ကာပူနိုင်ငံရှိ ကုန်းလမ်းပို့ဆောင်ရေးမှ အင်ဂျင်နီယာတစ်ဦးသည် အမျိုးသမီးအယောက် ရာပေါင်းများစွာရဲ့ စကပ်အပေါ်ပိုင်း ဗွီဒီယိုမှတ်တမ်းများ ရိုက်ခဲ့သောကြောင့် အမှုပေါင်း ၄၂၃မှုတွင် အပြစ်ရှိကြောင်း တရားရုံး ၁၁ခုက ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
အသက်(၃၁)နှစ်အရွယ် အမျိုးသားဖြစ်သည့် Kew Guozhi ဟာ (camera pen) အမျိုးအစား
အသေးစားကင်မရာလေးကို ၎င်း၏ ဘွတ်ဖိနပ်ကြိုးချည်သည့် နေရာတွင် တပ်ဆင်ထားကာ ၂၀၀၉ ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း ရာပေါင်းများစွာသော အမျိုးသမီးများ၏ စကပ်အပေါ်ပိုင်း ဗွီဒီယိုမှတ်တမ်းများကို ခိုးရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှု(၁၁)မှုတွင် Kew Guozhi  က အသက်(၂၈)နှစ်မှ အသက်(၄၀)အတွင်းရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက် လေးဦး၏ စကပ်အပေါ်ပိုင်း မှတ်တမ်းဗွီဒီယိုများ ခိုးရိုက်ကူးခဲ့ကာ ကျန်သည့် ၄၁၂ မှုတွင်မူ အမည်မသိ အမျိုးသမီးများ၏ စကပ်အပေါ်ပိုင်း မှတ်တမ်းဗွီဒီယိုများအား ခိုးရိုက်ကူးခဲ့တာဖြစ်ကြောင်း သိရသည်။
ထိုဗွီဒီယိုမှတ်တမ်းများကို စင်္ကာပူတလွှားရှိ Takashimaya ၊ Kinokuniya ၊ Watson ၊ Ngee Ann City ၊ Isetan at Shaw House နဲ့ Popular book stores တို့အပြင် Ang Mo Kio Hub နဲ့ Jurong Point တို့မှာ ခိုးရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Kew Guozhi ကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာ(၄)ရက်က Orchard လမ်းမကြီးပေါ်ရှိ Takashimaya ကုန်တိုက်က စတိုးဆိုင်တစ်ခုထဲတွင် ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း သိရသည်။
စကပ်တိုဝတ်ထားသော အမျိုးသမီးများနောက် မသင်္ကာဖွယ် လိုက်နေသော ၎င်းအား လုံခြုံရေးက လက်ထောက်မန်နေဂျာကို သတိပေးခဲ့ရာမှ ယခုလို ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source : Straitstimes

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...