ဧဒင်အချစ်ပုံပြင်: ဆက်သွယ်ရေး ကောင်းမှ ကလေးတွေကို ကယ်တင်နိုင်မယ် မိုးမင်း

Wednesday 28 August 2013

ဆက်သွယ်ရေး ကောင်းမှ ကလေးတွေကို ကယ်တင်နိုင်မယ် မိုးမင်း


Photo: ဆက်သွယ်ရေး ကောင်းမှ ကလေးတွေကို ကယ်တင်နိုင်မယ် မိုးမင်း

ချစ်ဇနီး၊ ချစ်သမီး ၃ယောက်နဲ့ သာယာ အေးချမ်းတဲ့ဘဝလေးကို တည် ဆောက်နေတဲ့သူက တော့ သဘင်မင်းသားကြီး မိုးမင်းပါ။ သမီး ၃ ယောက်စလုံးကို ပညာရေး၊ အားကစား၊ အနုပညာ ပိုင်းဆိုင်ရာ တွေမှာ အားလုံးဘက်စုံ ထူးချွန်နေရ အောင် လုပ်ဆောင်ပေးရင်း ဖခင်တစ်ယောက် ရဲ့ ဝတ္တရားကိုလည်းကျေပွန်အောင် ထမ်းဆောင်နေ တဲ့ သူပါ။ အသက်အရွယ်တွေ အရ ငယ်သေးလှတဲ့ သမီး ၃ယောက်ကို ဖခင် တစ်ယောက်အနေနဲ့ ပြုစု စောင့် ရှောက်ပုံတွေကို မေးမြန်းဖော်ပြပေးလိုက်ရပါ တယ်။

► သမီး၃ယောက်ကို အတတ်ပညာအစုံ သင်ကြားပေး

ကျွန်တော့်မှာ သမီး ၃ ယောက် ရှိပါတယ်။ မြန်မာပြည်ရဲ့ ပညာရေး ကို သူတို့တွေ အမီလိုက်နိုင်အောင် ကျောင်းကောင်းကောင်းမှာ တက် နိုင် သမျှထားပါတယ်။ အနုပညာပိုင်း ဆိုင်ရာတွေလည်းလမ်းညွှန်ပေးရပါ တယ်။ ကျွန်တော်က သဘင်သမား ဖြစ်တယ်။

သမီးတွေအနေနဲ့ မြန်မာ ရဲ့ဂီတကိုလည်း သိသင့်သလို၊ မြန်မာ့ ရဲ့ အခြေခံအကကိုလည်း သူတို့သိ သင့်တယ်။ဒါကြောင့်လည်း သမီးကြီး ကို အခြေခံအနေနဲ့တတ်ကျွမ်းတဲ့ မြန်မာမလေးတွေဖြစ်အောင်တော့ ပျိုး ထောင်ပေးဖို့ စဉ်းစားပြီးသင်ကြား ပေးနေပါတယ်။မြန်မာ့တူရိယာ နဲ့ နွယ်တဲ့စန္ဒရားနဲ့မြန်မာ့သီချင်း ကြီးတွေ တီးတတ်အောင်လေ့ ကျင့် ပေးတယ်။ အကနဲ့ပတ်သက်ပြီးလည်း မြန်မာ့ရိုးရာအကကို အခြေခံတတ် ကျွမ်းအောင်လို့ လေ့ကျင့်ပေးနေပါ တယ်။တကယ်လို့များ သဘင်နဲ့ ပတ်သက်ပြီးလုပ်ချင်သည်ဖြစ်စေ၊ ဘယ် အနုပညာကိုပဲလုပ် ချင်သည်ဖြစ်စေ အနုပညာရဲ့ အခြေခံမြန်မာမှုကို တော့ တတ်ကျွမ်းနေ တဲ့သူဖြစ်အောင် လေ့ကျင့်သင်ကြားပေးသွားမယ်။ နောက် အားကစား နဲ့ပတ်သက်ပြီး လည်း သင်ကြားပေးနေတယ်။ပန်းချီ လည်း သင်ခိုင်းနေ တယ်။စာပေလည်း မလစ်ဟင်းအောင် လုပ်ခိုင်းတယ်။

► ကလေးတွေကို အနီးကပ်စောင့် ရှောက်သင့်

မိဘတွေအနေနဲ့ ကိုယ့် နယ်မြေ ကို လုံခြုံတယ်လို့ ထင်တတ်ကြတယ်။ အဲဒါတွေက နည်းနည်း အန္တရာယ် ပေး နိုင်တဲ့ အကြောင်းအရာ တွေပါ။ အခုခေတ်ကတအား ကျယ် ပြန့်လာတယ်။မထင်မှတ် နိုင်တဲ့ရာဇဝတ်မှုတွေ လည်း များပြားလာတယ်။ ဒါကြောင့် မိမိကလေး များကို စောင့်ရှောက် တဲ့ နေရာမှာမိမိ ကလေး များနဲ့ ကြပ်ကြပ် မတ်မတ် အနီးကပ် စောင့်ရှောက် သင့်တယ်။ ဥပမာ- Super Market ကြီး တစ်ခုသွား တယ်။မိဘကတစ်ဖက် ကို အာရုံစိုက်နေတဲ့အချိန်မှာဘေး နားမှာကိုယ်နဲ့အတူပါလာတဲ့ ကလေးက
ပျောက်သွားတတ်တယ်။ အရင်တုန်းကပျောက်သွားရင် ကလေးကို ပြန်ေ တွ့နိုင်တယ်။ အခု ခေတ်မှာတော့ ပျောက်သွားပြီးရင် ကိုယ့် ကလေးလုံး ဝကိုပျောက်သွားပြီ လို့ သတ်မှတ်ရမလို ဖြစ်နေပြီ။ ဒါတွေကို မိဘတွေက သတိထား သင့်တယ်။ တစ်ခုခုကို အာရုံစိုက် နေရင်လည်း ကလေးကို ခွာမသွား သင့်ဘူး။ ကျွန်တော့် အနေနဲ့လည်း သမီးတွေကို သတိထားနေရ တယ်။ ကျောင်း ပို့တာတောင်မှ ကျောင်းဝင်း ထဲကိုရောက်သွားရဲ့ လားဆိုတာ တော် တော်လေးကို သတိထားရ တယ်။ ကျောင်းကို သွားတော့လို့ လွှတ်လိုက်ပေမယ့် တစ်စုံတစ် ယောက်ကသူတို့ရဲ့ ပညာနဲ့ ကလေးကိုအန္တရာယ် ပေးနိုင်ပါတယ်။ ညအချိန် မတော်တွေလည်း မလွှတ် သင့်ဘူး။ ယောက်ျားလေး ဖြစ်စေ၊ မိန်းကလေးဖြစ်စေပါ။ ကလေး ဆိုတာက အသက်ငယ်ရင် ငယ်သ လောက် ခုခံနိုင်စွမ်းနည်းပါတယ်။ဒါ ကြောင့်
ကလေးတွေနဲ့ပတ်သက်ပြီး သေသေချာချာ ဂရုတစိုက်နဲ့ ကြပ် ကြပ်မတ်မတ် လုပ်သင့်ပါတယ်။

► ကလေးတစ်ယောက်ဆီတိုင်း ဖုန်းတစ်လုံးရှိစေချင်

ကျွန်တော့်အနေနဲ့တော့ ကလေးတွေကို ဖုန်းကိုင်စေချင် တယ်။ တချို့တွေကျတော့လည်း ကျောင်းထဲမှာ ဖုန်းနဲ့ ဂိမ်းကစား နေမှာစိုး လို့၊ ဖေ့စ်ဘုတ်တွေ သုံးနေ မှာစိုးလို့ မကိုင်စေချင်ဘူးထင်ပါ တယ်။ကျွန်ေ တာ့်အနေနဲ့ကတော့ ဂိမ်းကစားလည်းကစားပါစေ။ အိုင်တီ ဖြစ်တယ်လေ။ ဒီအိုင်တီကို လွတ်သွားမှာစိုးတဲ့အတွက်ကြောင့် သူတို့ကိုပေးကစား သင့်တယ်။ အကြာကြီး ကစားရင်တော့ သူတို့ကို ထိန်းချုပ်ရမယ်။ကလေး တိုင်းမှာ ဖုန်းတစ်လုံးရှိစေချင်တယ်။ သူတို့ အနေနဲ့အချိန်မရွေး၁၉၉ကို ဆက်လို့ရမယ်။မိဘကို ပြန်ပြီးဆက်သွယ်လို့ရမယ်။သူတို့တစ် နေရာမှာလမ်းမှားသွားရင် ဘယ် နားမှာဘယ်လို အထောက် အကူ မျိုးရှိနေပါတယ်။ ဘယ် နားရောက် နေပါတယ်ဆိုတဲ့မက်ဆေ့ခ်ျကို ပေးနိုင်ဖို့ကလေးတစ်ယောက်မှာ ဖုန်း တစ်လုံးတော့ရှိသင့်တယ်။ နိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍအတွက်
ဖုန်းတွေလိုအပ်နေသလို၊ ကလေး သူငယ်များအတွက်လည်း ဖုန်းတွေရ ရှိနိုင်ဖို့ ကြိုးစားသင့်တယ်။ဖုန်းဆင်းကဒ်တွေများများချပေးစေချင်တယ်။ ဆက်သွယ်ရေးကောင်းလာမှ ကလေး ငယ်တွေကယ်တင်နိုင် မယ်လို့ မြင်တယ်။

လင်းအက္ခရာ

Popular Journalချစ်ဇနီး၊ ချစ်သမီး ၃ယောက်နဲ့ သာယာ အေးချမ်းတဲ့ဘဝလေးကို တည် ဆောက်နေတဲ့သူက တော့ သဘင်မင်းသားကြီး မိုးမင်းပါ။ သမီး ၃ ယောက်စလုံးကို ပညာရေး၊ အားကစား၊ အနုပညာ ပိုင်းဆိုင်ရာ တွေမှာ အားလုံးဘက်စုံ ထူးချွန်နေရ အောင် လုပ်ဆောင်ပေးရင်း ဖခင်တစ်ယောက် ရဲ့ ဝတ္တရားကိုလည်းကျေပွန်အောင် ထမ်းဆောင်နေ တဲ့ သူပါ။ အသက်အရွယ်တွေ အရ ငယ်သေးလှတဲ့ သမီး ၃ယောက်ကို ဖခင် တစ်ယောက်အနေနဲ့ ပြုစု စောင့် ရှောက်ပုံတွေကို မေးမြန်းဖော်ပြပေးလိုက်ရပါ တယ်။

► သမီး၃ယောက်ကို အတတ်ပညာအစုံ သင်ကြားပေး

ကျွန်တော့်မှာ သမီး ၃ ယောက် ရှိပါတယ်။ မြန်မာပြည်ရဲ့ ပညာရေး ကို သူတို့တွေ အမီလိုက်နိုင်အောင် ကျောင်းကောင်းကောင်းမှာ တက် နိုင် သမျှထားပါတယ်။ အနုပညာပိုင်း ဆိုင်ရာတွေလည်းလမ်းညွှန်ပေးရပါ တယ်။ ကျွန်တော်က သဘင်သမား ဖြစ်တယ်။

သမီးတွေအနေနဲ့ မြန်မာ ရဲ့ဂီတကိုလည်း သိသင့်သလို၊ မြန်မာ့ ရဲ့ အခြေခံအကကိုလည်း သူတို့သိ သင့်တယ်။ဒါကြောင့်လည်း သမီးကြီး ကို အခြေခံအနေနဲ့တတ်ကျွမ်းတဲ့ မြန်မာမလေးတွေဖြစ်အောင်တော့ ပျိုး ထောင်ပေးဖို့ စဉ်းစားပြီးသင်ကြား ပေးနေပါတယ်။မြန်မာ့တူရိယာ နဲ့ နွယ်တဲ့စန္ဒရားနဲ့မြန်မာ့သီချင်း ကြီးတွေ တီးတတ်အောင်လေ့ ကျင့် ပေးတယ်။ အကနဲ့ပတ်သက်ပြီးလည်း မြန်မာ့ရိုးရာအကကို အခြေခံတတ် ကျွမ်းအောင်လို့ လေ့ကျင့်ပေးနေပါ တယ်။တကယ်လို့များ သဘင်နဲ့ ပတ်သက်ပြီးလုပ်ချင်သည်ဖြစ်စေ၊ ဘယ် အနုပညာကိုပဲလုပ် ချင်သည်ဖြစ်စေ အနုပညာရဲ့ အခြေခံမြန်မာမှုကို တော့ တတ်ကျွမ်းနေ တဲ့သူဖြစ်အောင် လေ့ကျင့်သင်ကြားပေးသွားမယ်။ နောက် အားကစား နဲ့ပတ်သက်ပြီး လည်း သင်ကြားပေးနေတယ်။ပန်းချီ လည်း သင်ခိုင်းနေ တယ်။စာပေလည်း မလစ်ဟင်းအောင် လုပ်ခိုင်းတယ်။

► ကလေးတွေကို အနီးကပ်စောင့် ရှောက်သင့်

မိဘတွေအနေနဲ့ ကိုယ့် နယ်မြေ ကို လုံခြုံတယ်လို့ ထင်တတ်ကြတယ်။ အဲဒါတွေက နည်းနည်း အန္တရာယ် ပေး နိုင်တဲ့ အကြောင်းအရာ တွေပါ။ အခုခေတ်ကတအား ကျယ် ပြန့်လာတယ်။မထင်မှတ် နိုင်တဲ့ရာဇဝတ်မှုတွေ လည်း များပြားလာတယ်။ ဒါကြောင့် မိမိကလေး များကို စောင့်ရှောက် တဲ့ နေရာမှာမိမိ ကလေး များနဲ့ ကြပ်ကြပ် မတ်မတ် အနီးကပ် စောင့်ရှောက် သင့်တယ်။ ဥပမာ- Super Market ကြီး တစ်ခုသွား တယ်။မိဘကတစ်ဖက် ကို အာရုံစိုက်နေတဲ့အချိန်မှာဘေး နားမှာကိုယ်နဲ့အတူပါလာတဲ့ ကလေးက
ပျောက်သွားတတ်တယ်။ အရင်တုန်းကပျောက်သွားရင် ကလေးကို ပြန်ေ တွ့နိုင်တယ်။ အခု ခေတ်မှာတော့ ပျောက်သွားပြီးရင် ကိုယ့် ကလေးလုံး ဝကိုပျောက်သွားပြီ လို့ သတ်မှတ်ရမလို ဖြစ်နေပြီ။ ဒါတွေကို မိဘတွေက သတိထား သင့်တယ်။ တစ်ခုခုကို အာရုံစိုက် နေရင်လည်း ကလေးကို ခွာမသွား သင့်ဘူး။ ကျွန်တော့် အနေနဲ့လည်း သမီးတွေကို သတိထားနေရ တယ်။ ကျောင်း ပို့တာတောင်မှ ကျောင်းဝင်း ထဲကိုရောက်သွားရဲ့ လားဆိုတာ တော် တော်လေးကို သတိထားရ တယ်။ ကျောင်းကို သွားတော့လို့ လွှတ်လိုက်ပေမယ့် တစ်စုံတစ် ယောက်ကသူတို့ရဲ့ ပညာနဲ့ ကလေးကိုအန္တရာယ် ပေးနိုင်ပါတယ်။ ညအချိန် မတော်တွေလည်း မလွှတ် သင့်ဘူး။ ယောက်ျားလေး ဖြစ်စေ၊ မိန်းကလေးဖြစ်စေပါ။ ကလေး ဆိုတာက အသက်ငယ်ရင် ငယ်သ လောက် ခုခံနိုင်စွမ်းနည်းပါတယ်။ဒါ ကြောင့်
ကလေးတွေနဲ့ပတ်သက်ပြီး သေသေချာချာ ဂရုတစိုက်နဲ့ ကြပ် ကြပ်မတ်မတ် လုပ်သင့်ပါတယ်။

► ကလေးတစ်ယောက်ဆီတိုင်း ဖုန်းတစ်လုံးရှိစေချင်

ကျွန်တော့်အနေနဲ့တော့ ကလေးတွေကို ဖုန်းကိုင်စေချင် တယ်။ တချို့တွေကျတော့လည်း ကျောင်းထဲမှာ ဖုန်းနဲ့ ဂိမ်းကစား နေမှာစိုး လို့၊ ဖေ့စ်ဘုတ်တွေ သုံးနေ မှာစိုးလို့ မကိုင်စေချင်ဘူးထင်ပါ တယ်။ကျွန်ေ တာ့်အနေနဲ့ကတော့ ဂိမ်းကစားလည်းကစားပါစေ။ အိုင်တီ ဖြစ်တယ်လေ။ ဒီအိုင်တီကို လွတ်သွားမှာစိုးတဲ့အတွက်ကြောင့် သူတို့ကိုပေးကစား သင့်တယ်။ အကြာကြီး ကစားရင်တော့ သူတို့ကို ထိန်းချုပ်ရမယ်။ကလေး တိုင်းမှာ ဖုန်းတစ်လုံးရှိစေချင်တယ်။ သူတို့ အနေနဲ့အချိန်မရွေး၁၉၉ကို ဆက်လို့ရမယ်။မိဘကို ပြန်ပြီးဆက်သွယ်လို့ရမယ်။သူတို့တစ် နေရာမှာလမ်းမှားသွားရင် ဘယ် နားမှာဘယ်လို အထောက် အကူ မျိုးရှိနေပါတယ်။ ဘယ် နားရောက် နေပါတယ်ဆိုတဲ့မက်ဆေ့ခ်ျကို ပေးနိုင်ဖို့ကလေးတစ်ယောက်မှာ ဖုန်း တစ်လုံးတော့ရှိသင့်တယ်။ နိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍအတွက်
ဖုန်းတွေလိုအပ်နေသလို၊ ကလေး သူငယ်များအတွက်လည်း ဖုန်းတွေရ ရှိနိုင်ဖို့ ကြိုးစားသင့်တယ်။ဖုန်းဆင်းကဒ်တွေများများချပေးစေချင်တယ်။ ဆက်သွယ်ရေးကောင်းလာမှ ကလေး ငယ်တွေကယ်တင်နိုင် မယ်လို့ မြင်တယ်။

လင်းအက္ခရာ

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...