ဧဒင်အချစ်ပုံပြင်: ကလေး မိဘများ သိရှိ စေရန်

Thursday 19 September 2013

ကလေး မိဘများ သိရှိ စေရန်

Photo: ကလေး မိဘများ သိရှိ စေရန်

လားရှိုးမြို့ တွင် တရုတ် နိုင်ငံမှ တင်သွင်း လာ သော အောက် ဖေါ်ပြပါ ဓါတ်ပုံ ပါ ကလေး ကစားစရာ အရုပ် ကျင်စက် ကြောင့် ကလေး အချင်းချင်း ဆော့ ကစားရာမှ ကလေးငယ် တစ်ဦး ခြေထောက် အကြောဆွဲ သလို ဖြစ်ကာ လမ်း ကောင်းစွာ မလျှောက် နိုင်တော့ သဖြင့် ဆေးကုသ နေရ ပါသည်။ 

ထို ကစားစရာ အရုပ်များ ကို အမှတ် ( 4 ) ရပ်ကွက် အုပ်ချုပ်ရေးမှုး နှင့် အဖွဲ့ က ကလေးငယ် များ ထံမှ ချော့မော့ကာ ပြန်လည် ဝယ်ယူ နေပြီး ဖျက်စီးနေ သော်လည်း အခြား ရပ်ကွက်ရှိ ကလေးငယ် များ မှာ အန္တရယ် မသိဘဲ ဆော့ကစား နေကြ ပါသည်။ 

သက်ဆိုင်ရာ မှ ပညာပေး ပြန်လည် သိမ်းဆည်း ပေးစေချင်ပြီး၊ ရောင်းချ သူများ ကိုယ်လည်း တားမြစ်ပေး စေချင် ပါ သည်။

အဆိုပါ တန်ဘိုးငွေ ကျပ် ( ၁၀၀ ) သာပေး ရသော ကျင်စက် သည် ယခုအခါ မြန်မာနိုင်ငံ မြို့ တိုင်း နီးပါး ရောက်ရှိ နေလောက် ပြီ လို့ ထင်ရ သဖြင့် ကလေးငယ် များ အား လာရှိုးမြို့ မှ ကလေး လို စိတ်မကောင်း စရာ အဖြစ် အပျက်များ ထပ်မံ မဖြစ်ပွား ရအောင် တာဝန်သိ ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ထိမ်းသိမ်း ပေးနိုင်ပါရန် အသိပေး အပ်ပါသည်။

Min Nyoont

ဘာပဲ ပြောပြော သတိထား နိုင်အောင်လို့ တင်ပြပေးတာ ဖြစ်ပါတယ် ...

Posted From Golden Land Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...