မင်းဘခက် ၆ မြတ်ညို(အလွတ်သတင်းထောက်)

ယမန်နေ့ ညနေ
၆နာရီကျော်ခန့် က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသည့် ရာဘာခြံ အလုပ်သမားတစ်ဦး အချိုရည်နှင့်
မုန်းများ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။
စားစရာများ ၀ယ်ပြီးပြန် လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှ စောင့်နေပြီး ညာဘက်ရင်အုံနှင့်
ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။
ဦးလေး တော်စပ်သူ
ကိုဇေါ်ဇေါ် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတယ်လို့ဗျာ။
အချိုရည်ဗူးနဲ့
မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ်
ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေတစ်ကောင်လောက်တောင် တန်ဘိုးမရှိဘူးလား။
အသက်တစ်ချောင်း။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်းလုပ်လို့ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ
စာဆို သည်။



ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပလောမြို့နယ်၊ ပလရွာ
မှ ဦးကျော်မင်း+ ဒေါ်ထွေးရီ တို့၏ သား လူပျို
လူလွတ်ဖြစ်ကြောင်း သိရသည်။ ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင်တိုင်
အလုပ်လုပ်ကိုင်နေ
သည့် အလုပ်သများတစ်ဦးဖြစ်သည်။
အလောင်းအား စက်တင်ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ် သည်။
from-goldenworkers
No comments:
Post a Comment