ဧဒင်အချစ်ပုံပြင်: တိုက်ကြီးတွင် မြေမြှပ်ထားသော လုပ်သေနတ်အဟောင်းကို နွားကျောင်းသားတွေ့

Saturday 12 October 2013

တိုက်ကြီးတွင် မြေမြှပ်ထားသော လုပ်သေနတ်အဟောင်းကို နွားကျောင်းသားတွေ့


အောက်တိုဘာလ(၁၂)ရက်နေ့ မွန်းလွဲ(၃)နာရီမိနစ်(၂၀)ခန့်က တိုက်ကြီးမြို့နယ်၊
လှိုင်ကျေးရွာအုပ်စု၊ မီးသွေးကျင်းကျေးရွာ၊ ဥတို-အဖျောက်ကားလမ်း၊
မိုင်တိုင်အမှတ်

(၃/၀ နှင့် ၃/၁)ကြား လမ်းဘေးတွင်မြေမြုပ်နေသောသေနတ်ဒင်ပိုင်း တစ်ခုအား
နွားကျောင်းနေသူ မောင်ဇေယျာမင်းမီးသွေးကျင်းကျေးရွာနေသူမှတွေ့ရှိ၍


 ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် တိုက်ကြီးမြို့မရဲစခန်းသို့ ဆက်သွယ်
အကြောင်းကြားခဲ့သည်။



တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူး
အဖွဲ့နှင့်အတူ အဆိုပါနေရာသို့ သွားရောက် စစ်ဆေးတူးဖေါ်ခဲ့ရာ
ပီနံအိတ်အတွင်းတစ်ခုစီဖြုတ်၍ ထုပ်ပိုးထားသော အလျား (၁)ပေခွဲခန့်ရှိ
သစ်သားဖြင့်ပြုလုပ်ထားသည့် အနက်ရောင် သေနတ်ဒင်(၁)ခု၊ အရှည် (၂)ပေခန့်၊ အဝ
(၁)လက်မခန့်ရှိ သံချေးတက်

သံပိုက်(၁)ခု၊ သံချေးတက်နေသော သေနတ်မောင်း (၁)ခု၊ အလျား (၇)လက်မခန့်ရှိ
ကော်မှန်ဘီလူး (အပျက်) (၁)ခု၊ ကော်သေနတ်ဒင်ပိတ် (၁)ခု၊ ဂရီနာကျည်
(အသုံးပြုမရ) (၅)တောင့်၊ ဂရီနာကျည်ခွံ (၂၀)တောင့်၊ လေသေနတ်ခဲသီးကျည်
(အသုံးပြုမရ) (၁)ဗူးတို့ တွေ့ရှိရသဖြင့် သိမ်းဆည်းထားရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...