ဧဒင်အချစ်ပုံပြင်: ထူးဆန်းတဲ့ ၀ဠ်ကြွေးခံစားနေရတဲ့ အိန္ဒိယ ကလေးငယ်

Saturday 26 October 2013

ထူးဆန်းတဲ့ ၀ဠ်ကြွေးခံစားနေရတဲ့ အိန္ဒိယ ကလေးငယ်

အိန္ဒိယနိုင်ငံက
ကလေးငယ်တစ်ယောက်ဟာ ထူးဆန်းစွာ ခန္ဓာကိုယ်ကနေ အလိုလျောက် မီးတောက်လောင်မှု ကြောင့် ဆရာဝန်တွေ
အံ့အားသင့်ခဲ့ရပါတယ်..။ ဆရာဝန်အချို့ကတော့ ဒါဟာ ပုံမှန်မဟုတ်တဲ့အဖြစ်အပျက် ဖြစ်တဲ့
spontaneous combustion ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြသလို တစ်ချို့ကတော့ ဒါဟာ ကလေးရဲ့
အိမ်မှာ အသုံးပြုတဲ့ ပစ္စည်းတွေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်..။


Rahul
Karnan ဆိုတဲ့ကလေးကို Rajeshwari (၂၃) နှစ်နဲ့ Perumal (၂၆) ဆိုတဲ့ မိဘနှစ်ဦးက မွေးဖွားခဲ့တာပါ..။
ကံဆိုးစွာပဲ..၊ မွေးပြီး တစ်ပတ်အကြာမှာ သူတို့ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်..၊


အမေဖြစ်သူဟာ အ၀တ်လျှော်နေတဲ့အချိန်မှာ Rahul ရဲ့ အော်ငို အော်ဟစ်သံကို ကြားလိုက်ရပါတယ်..။
သူမဟာ အပြေးအလွှား ကလေးဆီကို အပြေးသွားပြီး ကလေးထားတဲ့ အခန်းကိုမရောက်ခင်မှာပဲ အိမ်နီးချင်း
တစ်ယောက်က လှမ်းအော်ပြောတဲ့အသံကို ကြားလိုက်ရပါတယ်..။


"မင်း
ကလေး မီးလောင်နေတယ်…"




ကလေးရဲ့ရင်ဘတ်နဲ့
ညာဘက်ဒူးဟာ မီးလောင်ခံခဲ့ရပြီး အဖေဖြစ်သူက မီးကို ငြိမ်းသတ်နိုင်ခဲ့ပါတယ်..။ မီးငြိမ်းသတ်
အပြီးမှာ မိဘနှစ်ပါးဟာ ကလေးကို ဆေးရုံကို ခေါ်သွားခဲ့ပါတယ်..။ ဒါပေမယ့် ဒီဖြစ်ရပ်ကို
ဆရာဝန်တွေကိုယ်တိုင် အဖြေရှာလို့ မရခဲ့ပါဘူး..။ လိုအပ်တဲ့ကုသမှုတွေ အပြီးမှာတော့ ကလေးကို
အိမ်ပြန် ခေါ်လာခဲ့ကြပါတယ်..။
 
လူတိုင်းဟာ
ကလေးကို ဒီလို ထူးဆန်းတဲ့အဖြစ်အပျက်မျိုး ထပ်မကြုံဖို့ ဆုတောင်းပေးခဲ့ပါတယ်.. ဒါပေမယ့်
ဆုတောင်းမပြည့်ခဲ့ပါဘူး..။ ဒီလိုမျိုး အလိုအလျောက်မီးထလောင်မှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး
သုံးကြိမ်အထိ ဖြစ်ခဲ့ပါတယ်..။ ဒီလိုဖြစ်ရပ်မျိုးဟာ ပတ်ဝန်းကျင်အတွက် အရမ်းထိတ်လန့်ဖို့ကောင်းခဲ့ပြီး
တစ်ရွာလုံးကို မီးကူးစက်မှာ စိုးတာကြောင့် သူတို့ မိသားစုကို ရွာက ထွက်သွားဖို့ တောင်းဆိုခဲ့ကြပါတယ်..။
 
မိဘနှစ်ပါးဟာ
ကလေးကို ကျန်းမာရေး စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ Chennai မြို့ကို ခေါ်လာခဲ့ပါတယ်..
ဒါပေမယ့် ယခင်အတိုင်းပဲ ဆရာဝန်တွေဟာ အဖြေရှာမရခဲ့ပါဘူး..။ တစ်ချို့ကတော့ ဒီလို မီးတောက်တာ
ဟာ နတ်ဘုရားတွေရဲ့ သင်္ကေတလို့ ဆိုကြပြီး တစ်ချို့ကတော့ သူတို့အိမ်ကို phosphorous ပါဝင်တဲ့ပစ္စည်းတွေ
ကို အသုံးပြုပြီး ဆောက်ခဲ့လို့ ကလေးကို ဒီလိုမီးလောင်စေတာလို့ဆိုကြပါတယ်..။
 
သင်တို့ရော
ဘယ်လိုထင်ကြပါလဲ ? ကျွန်တော်တို့ ဗုဒ္ဓဘာသာ အယူအဆအရဆိုရင်တော့… ယခင်ဘ၀တွေက ဒီကလေးရဲ့
ဝဠ်ကြွေးတွေလို့ပဲ ဆိုရပါမယ်..။ ကလေးအတွက် ဒီဝဠ်ကြွေး ဆိုးကြီး အောက်ကနေ အမြန်ဆုံး
လွတ်မြောက်ပါစေလို့ ဆုတောင်းနေမိပါတယ်..။

အောင်ထွန်းဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...