ဧဒင်အချစ်ပုံပြင်: iPhone အား "တူ" ဖြင့် ခိုးယူသည့် တရုတ်နိုင်ငံမှ ခါးပိုက်နှိုက်

Sunday 13 October 2013

iPhone အား "တူ" ဖြင့် ခိုးယူသည့် တရုတ်နိုင်ငံမှ ခါးပိုက်နှိုက်

Photo: iPhone အား "တူ" ဖြင့် ခိုးယူသည့် တရုတ်နိုင်ငံမှ ခါးပိုက်နှိုက်
Monday, October 14, 2013

ပုံမှန်အားဖြင့်တော့ ခါးပိုက်နှိုက်တွေဟာ ဖုန်းခိုးမယ်ဆိုရင် တိကျသေချာ မြန်ဆန်စေရန် မိမိရဲ့ မွေးရာပါ လက်ကိုသာ သုံးကြပါတယ်။

Wang လို့ အမည်ရတဲ့ တရုတ်နိုင်ငံ Zhengzhou မြို့က ခါးပိုက်နှိုက်ကတော့ ထူးထူးခြားခြား ခေါက်ဆွဲစားတဲ့ "တူ" ကို အသုံးပြုပါတယ်။ တူကိုင်ကလည်း ကျွမ်းသလား မမေးနဲ့။ ပုံမှာတွေ့တဲ့အတိုင်း စက်ဘီးစီးနေတဲ့ အမျိုးသမီးရဲ့ အိတ်ထဲက ဖုန်းကို တူနဲ့ အမိအရ လှမ်းနှိုက်နိုင်ပါတယ်။

ခါးပိုက်နှိုက်မှန်း မသိသာအောင်လည်း ဝတ်ကောင်းစာလှတွေ ဝတ်ဆင်ထားလို့ လူမှုကွန်ယက်တွေ ပေါ်မှာတော့ သူ့ကို Suit Man လို့ အသိများပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အင်တာနက်ပေါ် ပလူပျံနေတဲ့ ကိုယ်မျက်နှာကို ကိုယ်ပြန်မြင်လိုက် ရတဲ့အခါမှာတော့ ရဲစခန်းမှာ အဖမ်းခံခဲ့ပါတယ်တဲ့။

ဓာတ်ပုံတွေ ကြည့်ချင်တယ်ဆိုရင် -

http://kotaku.com/chinese-man-pickpockets-an-iphone-by-using-chopstick-472615317

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...