ဧဒင်အချစ်ပုံပြင်: ကင်မရာအဟောင်းပေး အသစ်ကိုင်နိုင် မည့်အခွင့်အရေး Nikon မှဆောင်ရွက်

Sunday 13 October 2013

ကင်မရာအဟောင်းပေး အသစ်ကိုင်နိုင် မည့်အခွင့်အရေး Nikon မှဆောင်ရွက်

Photo: ကင်မရာအဟောင်းပေး အသစ်ကိုင်နိုင် မည့်အခွင့်အရေး Nikon မှဆောင်ရွက်
Monday, October 14, 2013

ဂျပန်နိုင်ငံ၏ Nikon ကင်မရာများတင်သွင်းရောင်းချပြီှးService လုပ်ငန်း
များကိုဆောင် ရွက်ပေးလျက်ရှိသော Special Style Photo & Electronics မှ မည်သည့်ဒစ်ဂျစ်တယ် Compact Camera အဟောင်းကိုဖြစ်စေJapan Brand DSLR ကင်မရာ အဟောင်းကိုဖြစ်စေအထူးဈေး နှုန်းများဖြင့်လဲလှယ်
ဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

24 Pixel ရှိ Nikon DSLR ကင်မရာ D3200 Kit ကိုအသုံး ပြုလိုလျှင်မည်
သည့် Compact Camera(အသုံးပြုနိုင်သော အဟောင်း)တစ်လုံးပေးပါက
လက် ရှိရောင်းဈေးမှငွေကျပ်သုံးသောင်း လျော့ပေးမည်ဖြစ်သည်။

ထို့အတူ Nikon DSLR ကင်မရာ D7000 Kit ကိုအသုံးပြုလိုပါက၊မည်သည့် Japan Brand DSLR (အသုံးပြု နိုင်သောအဟောင်း)တစ်လုံးပေးပါက
လက်ရှိရောင်းဈေးမှငွေကျပ် တစ်သိန်းကိုလည်းကောင်း၊ Nikon DSLR D600 နှင့် D800 တို့ကိုအသုံးပြုလိုပါက (အသုံးပြုနိုင်သော အဟောင်း)
တစ်လုံးပေးပါကငွေ ကျပ်တစ်သိန်းခွဲကိုလည်းကောင်း လက်ရှိရောင်းဈေး
မှလျော့ပေးမည် ဖြစ်သည်။

““ကျွန်မတို့အခုလို Promotion လုပ်တာကင်မရာအဟောင်း ကိုင်ထားတဲ့
သူတွေမော်ဒယ်မြင့် ကင်မရာအသစ်တွေပြောင်းကိုင် နိုင်ဖို့ရည်ရွယ်ပြီး
လုပ်ပေးတာပါ။ လက်ရှိရောင်းနေတဲ့ကင်မရာတွေ ၀ယ်ရင်လက်ဆောင်
ပစ္စည်းတွေ လည်းပေးပါတယ်”” ဟု အရောင်း မန်နေဂျာထံမှသိရသည်။
ယင်းလဲလှယ်ရောင်းချမှုကို အောက်တိုဘာ (၁၅) ရက်မှ နိုဝင်ဘာ (၃၀) ရက်အထိမီးထွန်း ပွဲကာလ Nikon ကင်မရာဝယ်ယူ သူများအတွက် ၈.၀ 8.0 GB SD တစ်ကဒ်၊ ကင်မရာအိတ်နှင့် Nikon Jacket အင်္ကျီတစ်ထည် လက်ဆောင်(၃)မျိုးလည်းရရှိ မည် ဖြစ်ကြောင်းကြားသိရသည်။

Hot News Journalဂျပန်နိုင်ငံ၏ Nikon ကင်မရာများတင်သွင်းရောင်းချပြီှးService လုပ်ငန်း

Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...