ဧဒင်အချစ်ပုံပြင်: ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲ နေကြတဲ့ "Krokodil"

Saturday 12 October 2013

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲ နေကြတဲ့ "Krokodil"

Photo: Krokodil

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲ နေကြတဲ့ "Krokodil" က ကမ္ဘာ့ ကြောက်မက်ဖွယ် အကောင်း ဆုံး မူးယစ် ဆေးပါ။ flesh-eating drug လို့တောင် တင်စား ခေါ်နေကြပြီး တားဆီးဖို့ အသည်းအသန် ကြိုးစား နေကြပါတယ်။

ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေး ဟာ အရင် လို လွယ်လွယ် ရောင်းဝယ် လို့ မရတာ ကြောင့် တခြား ဆေး ၀ါး တွေ ကို အစားထိုး အသုံး ချ လာ ပါတယ်။ အခု အခါ လည်း US မှာ တဖြည်းဖြည်း သုံးစွဲမှု ကြီး မား လာပြီး အန္တရာယ် အဆင့် ရှိတဲ့ ဆေး တစ်မျိုး အကြောင်း ကို ဖော်ပြသွား မှာပါ။ အရင်က မူးယ စ်ဆေး ဆိုတာ ဘိန်းဖြူ တစ်မျိုး တည်း လို့ သိကြတာပါ။ ဆေးပြား တွေ လို ပုံစံမျိုး နဲ့ကော၊ အမှုန့် နဲ့ ကော သုံးစွဲ ကြ သလို ဆေးလိပ် လို ဟာ မျိုး မှာ လည်း ထည့်လိပ် ပြီးတော့ ရှုကြတာ တွေ ရှိပါတယ် ။ တချို့ ကတော့ ဆေးထိုးအပ် နဲ့ ကိုယ်ထဲ ထိုးသွင်း ကြပါတယ်။ တရား ဥပဒေ နဲ့ ငြိ စွန်း ပြီး နိုင်ငံ တကာ က အစွမ်းကုန် တိုက်ဖျက်လာ တာကြောင့် ပေါ်ပေါ် တင်တင် ထုတ် လုပ်ေ ရာင်းဝယ် ဖို့ ခက်လာ ပါတယ်။ ဒီလိုနဲ့ ဘိန်းဖြူ လို မျိုးလည်း ဇယား မရှုပ်၊ တရားဝင် လည်း ၀ယ်လို့ ရတဲ့၊ အာနိသင် လည်း တူတူ နီးပါး ရတဲ့ ဟာ မျိုး တွေကို အစားထိုး လာကြ ပါတယ်။ ဥပမာ ဆိုရ ရင် ကော်ရှု ကြ တာမျိုးပါ။ နောက် တစ်မျိုး ကတော့ လူကို မူးစေတဲ့ အာနိသင် ရှိတဲ့ တရားဝင်ေ ဆး တွေပါ။ ဆေးဆိုင်လို ဟာမျိုး မှာတောင် ၀ယ်လို့ရလို့ အန္တရာယ် ကြီးပါတယ်။ အကျဉ်းချုပ် ရရင် လူတွေဟာ မူးယစ်ဆေးကို နည်းလမ်း အမျိုးမျိုးနဲ့ သုံးစွဲကြတယ် ဆိုတာပါပဲ။

ယခုအခါ မှာ လည်း ကိုယ်ထဲ ကို ဆေးထိုး အပ်နဲ့ ထိုးသွင်းပြီး သုံးစွဲတဲ့ "Krokodil" ဆိုတဲ့ မူးယစ်ေ ဆး တစ်မျိုး ပေါ်လာ ပါတယ်။ မူရင်း ထင် ရှားတဲ့ Russia ကလာတဲ့ ဒီမူးယစ်ဆေးဟာ ရုရှားလို မိကျောင်း လို့ အဓိပ္ပါယ် ရပါ တယ်။ US က Chicago ဆင်ဖြေဖုံး ရပ်ကွက် တွေမှာ ၈ဒေါ် လာေ လာက် နဲ့ ၀ယ်လို့ ရပြီး ၂၅ ကနေ ၃၀ဒေါ်လာ အထိ ပေးရ တဲ့ ဘိန်းဖြူ နဲ့ စာရင် အများ ကြီး ဈေး သက်သာ တာကြောင့် လူကြိုက် များ ပါတယ်။ ချောင်းဆိုး ပျောက်ဆေး Codeine ဆေးပြား၊ Iodine နဲ့ တခြားသော ပေါပေါ ရတဲ့ အရည် တချို့ ကနေ လွယ်လွယ် ပြုလုပ်ထား တဲ့ဒီ Krokodil ဆေး ဟာ Morphine လို မျိုး အစွမ်း ရှိပါတယ်။ ဒါပေမယ့် ဘယ်မူးယစ်ဆေး မဆိုေ ကာ င်း ကျိုး မပေးပါဘူး။ အဲဒီဆေးဟာ အ သားတွေ ကို ပုပ်ပြဲစေ သလို အသား တွေကို အစိမ်းရောင် သဲ့သဲ့ တဖြည်းဖြည်း ပြောင်းစေ ပါတယ်။ အဆိုး ဆုံး ကတော့ အသား တွေ ပုပ်ပြဲလာ တာကြောင့် အရေပြား အောက် က အရိုးတွေ၊ ကြွက်သားတွေ အတိုင်း သား မြင်ရပြီး ပြင်ပ ရောဂါ တွေပါ ကူးစက် လာ တာပါပဲ။ flesh-eating drug လို့ တင်စား ခေါ်ဝေါ် နေကြပါတယ်။

အခုဆိုရင် Krokodile ပျော်စံရာ Chicago က ဆ ရာဝန် တွေ ဟာ ဆေး ရဲ့ ဘေးဥ ပါဒ်ေ ကြာင့် ဖြစ်တဲ့ ရောဂါတွေ ကို အသည်း အသန် ကုသနေ ရတဲ့ ဘ၀ ရောက်နေ ပါတယ်။ ကံဆိုးလို့ သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ Arizona နဲ့ Utah ပြည်နယ် တွေကိုလဲ အဲဒီဆေးတွေ ပျံ့နှံ့ နေ ပါပြီ။ မီဒီယာ တွေရော၊ အစိုးရ ကပါ သတိပြု မိလာ တာကြောင့် မကြာခင်မှာ ထိရောက် တဲ့ စစ်ဆင်ရေး တွေနဲ့ ဖြေရှင်း သွားဖို့ ကိုတော့ မျှော်လင့် ရပါဦးမယ်။ ဘိန်းဖြူမှ မဟုတ် ပါဘူး။ မူးယစ် စေတဲ့ ဆေးမှန် သမျှ အားလုံး ဝေးဝေး က ရှောင်သင့် ပါတယ်။ ရှောင်ကြဉ် ရုံ တင် မကပဲ သူ တစ်ပါးတွေ ရောင်း ၀ယ်တာ၊ သုံးစွဲတာတွေ တွေ့ရှိမိရင် သက်ဆိုင်ရာကို အမြန် သတိပေး သင့် ပါတယ်။ ဒါမှ ကျွန်တော် တို့ ကမ္ဘာကြီး ဟာ မူးယစ်ဆေး ကင်းစင် တဲ့ သာယာတဲ့ လောကကြီး တစ်ခု ဖြစ်လာ မှာပါ လို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရ ပါတယ် ခင်ဗျာ။

Saw Nang
အလင်း ရှင် ၏ Comment မှ ..

ဖြစ်ပေါ်လာတဲ့ အကျိုး ဆက် ပုံတွေ ကြည့်ချင် တယ် ဆို ရင်တော့ ဒီ မှာ 

http://www.google.com.mm/search?tbm=isch&q=krokodil+wounds&revid=199662884&biw=1360&bih=664&dpr=1 

ကြည့်လိုက်ပါ .... တော်တော် ကြောက်စရာ ကောင်း ပါတယ် ... ကြောက်တတ် တဲ့ သူဆိုရင် မကြည့် တာ ကောင်း ပါတယ် .....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...