ဧဒင်အချစ်ပုံပြင်: ကမ္ဘောဇဘဏ်ကသိန်း ၂၀၀၀ အထိ ချီးမြှင့်မှာဖြစ်ကြောင်း

Saturday 14 December 2013

ကမ္ဘောဇဘဏ်ကသိန်း ၂၀၀၀ အထိ ချီးမြှင့်မှာဖြစ်ကြောင်း

Photo: Saturday, December 14, 2013

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာ အမျိုးသား ဘောလုံးအသင်း ဗိုလ်လုပွဲအထိ ရောက်ရှိပြီး ဗိုလ်စွဲနိုင်ခဲ့ရင် ချီးမြှင့်ငွေ သိန်း ၂၀၀၀ အထိ ချီးမြှင့်မှာဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ထုတ်ပြန်ထားပါတယ်။

မြန်မာ အမျိုးသမီး ဘောလုံးအသင်းကိုလည်း ကမ္ဘောဇဘဏ်က တစ်ပွဲချင်း အနိုင် ဆုငွေအပြင် ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ရင် သိန်း ၅၀၀ အထိ ချီးမြှင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၄ ရက် စနေနေ့ ညနေ ၆နာရီခွဲမှာ သုဝဏ္ဍကွင်းမှာ ကစားမယ့် မြန်မာနဲ့ ထိုင်း ဘောလုံးပွဲကို ကြည့်ဖို့အတွက် ရန်ကုန်က ပရိတ်သတ်တွေဟာ ကွင်းဝင်ခွင့် လက်မှတ်တွေကို အလုအယက် ၀ယ်နေလို့ လက်မှတ်မှောင်ခိုဈေးတွေ အဆမတန် မြင့်နေပါတယ်။

ရိုးရိုးတန်း လက်မှတ်ကို တရားဝင် ရောင်းဈေးက ၂ထောင် ဖြစ်ပေမယ့် အပြင်မှာ ၁သောင်းခွဲ ပေါက်နေပြီး အထူးတန်း ၄ထောင်တန် လက်မှတ်ဟာ အပြင်မှောင်ခိုဈေးကွက်မှာ ၂သောင်းခွဲ ဖြစ်နေပါတယ်။

သက်ဆိုင်ရာက ကွင်းဆံ့သလောက် လက်မှတ်အစောင်ရေ ၂သောင်း ၆ထောင် ရောင်းချပေးပေမယ့် တိုက်ရိုက်ကွင်းထဲမှာ ကြည့်ချင်သူက သိန်းဂဏန်းဖြစ်နေလို့ သူ့ထက်ငါ ဦးအောင် လက်မှတ်ရောင်းတဲ့ နေရာ သုံးခုမှာ တိုးဝှေ့ ၀ယ်ကြရတာဖြစ်ပါတယ်။

BBC Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...