ဧဒင်အချစ်ပုံပြင်: ဆန်းတိုးနိုင်ရဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့ သူ့အမြင်

Saturday 14 December 2013

ဆန်းတိုးနိုင်ရဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့ သူ့အမြင်

            မော်ဒယ်များထဲမှာ အပြုံးချိုချိုလေးတွေနဲ့ အမျိုးသမီးပရိသတ်ကို ဖမ်းစားနိုင်တဲ့ ဆန်းတိုးနိုင်ကို ဖက်ရှင်နဲ့ပတ်သက်တဲ့ သူ့အမြင်ကို မေးမြန်းကြည့်ရာမှာ “လူတစ်ယောက်မှာ fashionက အရေးကြီးဆုံးပါ။ မော်ဒယ်သရုပ်ဆောင် celebrity တွေမှ မဟုတ်ပါဘူး သာမန်လူတွေအနေနဲ့လည်း ဖက်ရှင်အကြောင်း နည်းနည်းလေး နားလည်ထားဖို့တော့ လိုတယ်ထင်ပါတယ်။ ကိုယ့်နိုင်ငံကလည်း ယခင်ကနဲ့မတူဘဲ တိုးတက်လာပြီးနောက်ပိုင်း ပွဲလမ်းသဘင်တွေလည်း ပိုမိုများပြားလာတဲ့ အတွက်
ဘယ်နေရာကိုပဲသွားသွား သူ့နေရာနဲ့သူ ၀တ်တတ်ဖို့အတွက် ဖက်ရှင်အကြောင်း နားလည်ဖို့ လိုတယ်လို့ထင်ပါတယ်” တဲ့။
             Brand ၀တ်ရတဲ့ သူ့ရဲ့ feeling ဆိုရင်တော့ “လူတော်တော်များများက Brand ၀တ်တယ်ဆိုရင် အဆင့်အတန်း မြင့်တယ်လို့ထင်ကြတယ်။ အမှန်တော့ မဟုတ်ဘူးဗျ။ အ၀တ်အစားပဲ ဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် ကုန်ပစ္စည်းတစ်ခုကို Brand ရွေးချယ်ရတယ်ဆိုတာက သူ့ရဲ့အရည်အသွေး ၊ အားသာချက်တွေရှိတယ်။ အင်္ကျံဆိုလည်း Branded အင်္ကျံတွေက ဆိုဒ်မှန်တယ်။ ကျွန်တော်က အ၀တ်အစားဝတ်ရင်လည်း ဂျီးများတယ်။ အရမ်းရွေးတယ်။ ဒီတော့ Brand အင်္ကျံတွေက Medium ဆိုလည်း Medium ၊ Large ဆိုလည်း Large လိုချင်တဲ့ ဆိုဒ်ကို တန်းရတယ်။ သူ့ cuting နဲ့သူ ၊ သူ့ size နဲ့သူ ကွက်တိကျတယ်။ ဒါကြောင့် ကျွန်တော်Brand ကို သဘောကျတာပါ” လို့ ဖြေဆိုသွားပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...