ဧဒင်အချစ်ပုံပြင်: မောင် ကျော်ဇောဟိန်း ၏ နောက်ဆုံး စစ်ဆေးချက် ထွက်ရှိ လာ

Wednesday 19 March 2014

မောင် ကျော်ဇောဟိန်း ၏ နောက်ဆုံး စစ်ဆေးချက် ထွက်ရှိ လာ

Photo: မောင် ကျော်ဇောဟိန်း ၏ နောက်ဆုံး စစ်ဆေးချက် ထွက်ရှိ လာ

မြန်မာပြည် တစ်နံ တစ်လျား မှ အများ ပြည်သူများ စိတ်အဝင် စား ဆုံး သတင်း တစ် ပုဒ် ဖြစ်သည့် Mister & Miss University 2014 ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့် နေစဉ် သေဆုံး ခဲ့သော ပြိုင်ပွဲ ဝင် ကျောင်းသား တစ်ဦး ဖြစ်သူ မောင် ကျော်ဇောဟိန်း ၏ သေ ဆုံး မှု အမှုမှန် ပေါ်ပေါက် လာရေး အတွက် စုံစမ်း စစ်ဆေးမှု များ ပြုလုပ် နေရာ နောက်ဆုံး စစ်ဆေး ချက် များ ထွက်ရှိလာ ပြီ ဖြစ် ကြောင်း သိရှိ ရသည်။ သို့ဖြစ် ပါ၍ ၄င်း ကိစ္စနှင့် ပတ်သက် ပြီး သေဆုံး သူ မောင်ကျော်ဇောဟိန်း ၏ အစ်ကိုရင်း ဖြစ်သူ ကို အောင်ကိုကို အား ဆက် သွယ် မေးမြန်း ကြည့်ရာ ..
" ပြောချင်တိုင်း တော့ ပြောလို့ မရ ဘူး။ အခု လက်ရှိ ရုံးမှာ တော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားနေတယ် ဆိုတော့ တချို့ စကား တွေ ပြော လိုက် ရင် ရုံးတော် ကို မထီမဲ့ မြင် ဖြစ်သွားမှာ လည်း ဆိုး တယ်။ အစ်ကို ပြောချင် တာလေးတွေ လည်း ရှိတယ်။
မနေ့က ဆိုရင် အစ်ကို့ မိဘ တွေက အစ တရားရုံး မှာ ဆေးစာ ကို လျှောက် လာ ခဲ့တယ်။ ရလည်း ရလာ ခဲ့တယ်။ ဆေးစာ မှာ လည်း ပြင်ပ ဒဏ်ရာ လေးတွေ အများ ကြီး တွေ့ရ တယ်။ အနှေး နဲ့ အမြန် ကတော့ တရားခံ ကို မိမှာ ပါ။ အစ်ကို တို့ ဘက်က တော့ တရားရုံး ရဲ့ လုပ်ဆောင် ချက် တွေ ကိုလည်း အနှောင့် အယှက် ဖြစ်မယ့် ကိစ္စ မျိုး မပြောချင် ဘူး။ မလုပ် ချင် ပါဘူး။ မပတ် သက်တဲ့ သူတွေ ကို လည်း မထိခိုက် စေချင် ပါဘူး။ အခု ဆေးစစ် ချက် မှာ တွေ့ရှိ တာ ကတော့ ပြင်ပ ဒဏ်ရာ က ငါးချက်၊ ခြောက်ချက် လောက်တော့ ရေးထား တယ်။ တံတောင် ဆစ် နှစ်ဖက် စလုံး ဒူး နှစ်ဖက် စလုံး၊ ကျောကုန်း တို့ အဲဒီလို မျိုး ရေး ထား တယ်။
အစ်ကိုတို့ က ဥပဒေ နဲ့ ဆန့်ကျင် ပြီးတော့ မပြော ချင်ဘူး။ တရားရုံး က လက်ရှိ လုပ်ဆောင် နေတဲ့ အတွက် တရားရုံး ကို လွှမ်းမိုး ပြီး တော့ မပြော ချင် ဘူး။ အစ်ကို တို့ ကတော့ အဖြစ်မှန် ကို ပေါ်စေချင် တယ်။ ဘယ်သူ့ ကိုမှ မနစ်နာ စေချင် ပါဘူး။ တရားရုံး က လုပ်ဆောင် စစ် ဆေး နေတာ ကိုပဲ အစ်ကို တို့က ကူညီ သွားမှာ ပါ။ အဖြစ် မှန် လည်း ပေါ်မယ် လို့ ယုံကြည် ပါတယ်။ အမှန် တရားပဲ ဖြစ်စေ ချင် တယ်။ ရုံးချိန်း က မတ်လ ၁၇ ရက် နေ့မှာ ဆိုတော့ ထပ်ပြီး စစ်ဆေး မှုတွေ ပြုလုပ် ဖို့တော့ ရှိပါ တယ်" ဟု ရှင်းလင်း ပြောကြား သွားခဲ့ သည်။
Popular

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...