ဧဒင်အချစ်ပုံပြင်: ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးဘောလုံးကို အောက်ပိုင်းသေဝေဒနာရှင်မှ ကန်ပြမည်

Thursday 12 June 2014

ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးဘောလုံးကို အောက်ပိုင်းသေဝေဒနာရှင်မှ ကန်ပြမည်


Myanmar Online News's photo.

၂၀၁၄ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားတွင် ပထမဆုံးဘောလုံးကို အောက်ပိုင်းသေ ဝေဒနာရှင်မှ ကန်ပြသည့် ပြကွက်လည်း ပါဝင်မည်ဖြစ်သည်။ ယင်းပုဂ္ဂိုလ်မှာ သိပ္ပံနည်းပညာအကူအညီရယူမည်ဖြစ်ပြီး သံမဏိလူသားဝတ်စုံနှင့်ဆင်တူသည် ၀တ်စုံကိုဝတ်ဆင်ထားမည်ဖြစ်သည်။

ဝတ်စုံကို မည်သူဝတ်ဆင်မည်ဆိုခြင်းအား လျှို့ဝှက်ထားပြီး ၎င်းတို့အနေဖြင့် သိပ္ပံဝတ်စုံ အကူအညီဖြင့် ဦးနှောက်က စေခိုင်းမှုကို ခြေထောက်များက လိုက်ပါလှုပ်ရှားနိုင်မည်ဖြစ်သည်။ ယင်းစက်ရုပ်ဆန်ဆန် ၀တ်စုံကို ဘရာဇီးဒေါက်တာ မီဂွယ်နီကိုလယ်လစ်နှင့် ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင် ၁၅၆ ဦးတို့ နှစ်ပေါင်း ၃၀ ကြာ တီထွင်ခဲ့ရခြင်းဖြစ်သည်။ ယင်းဝတ်စုံဖြင့် ဆာအိုပေါ်လိုမြို့ရှိ ဘောလုံးကွင်းကြီးအတွင်း ဘရာဇီးက ဘောလုံး သာမက သိပ္ပံနည်းပညာကိုလည်း ရင်းနှီးမြှုပ်နှံထားကြောင်း သက်သေပြခြင်းဖြစ်သည်။ ဘရာဇီးပြည်သူများမှာ အစိုးရအနေဖြင့် ကမ္ဘာ့ဖလားနှင့် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲအတွက် ဘီလီယံပေါင်းများစွာသုံးစွဲနေသည်ဟု ယုံကြည် နေကြပြီး ဆန္ဒပြမှုများ အဆက်မပြတ် ပြုလုပ်ခဲ့ကြသည်။

" လူနာရဲ့ဦးနှောက်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကတဆင် exoskeleton ၀တ်စုံ ပြန်လည်တုံ့ပြန်ပုံကို ပထမဆုံးအကြိမ် စမ်းသပ်ပြမှာဖြစ်ပါတယ်။ ကွင်းတွင်း သရုပ်မပြခင် အကြိမ်ကြိမ် စမ်းသပ်မှုလည်း လုပ်ထားပါ တယ်။ ဒါမျိုးအရင် ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး" ဟု ဒေါက်တာနီကိုလယ်လစ်က အေအက်ဖ်ပီသို့ ပြောသည်။

ရည်ညွှန်း AFP
(၀င်ရောက်ကြည့်ရှုနိုင်ရန် ရုပ်သံလင့်ခ်
https://www.youtube.com/watch?v=6WO71e0XLqs)
Mizzima Sport News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...