ဧဒင်အချစ်ပုံပြင်: ဆေးပြင်းလိပ်ခဲတဲ့ အေသင်ချိုဆွေ စိုးရိမ်ကြောက်ရွံ့နေတာ ဘာလဲ

Monday 23 June 2014

ဆေးပြင်းလိပ်ခဲတဲ့ အေသင်ချိုဆွေ စိုးရိမ်ကြောက်ရွံ့နေတာ ဘာလဲ



အဆိုတော် အေသင်ချိုဆွေရဲ့ တတိယမြောက် သီချင်းအယ်လ်ဘမ်ဖြစ်တဲ့ Play Boy ကို ဇွန် ၂၁ရက်နေ့က တော်ဝင်စင်တာမှာ စတင်ဖြန့်ချိလိုက်ပါပြီ။ ဆေးပြင်းလိပ် အငွေ့ထောင်းထောင်း ကာဗာဓာတ်ပုံနဲ့ အေသင်ချိုဆွေရဲ့ အယ်လ်ဘမ်သစ်က ဘာကိုကြောက်နေလဲ။
မြန်မာနိုင်ငံရဲ့ ဂီတလုပ်ငန်းမှာ အဆိုးရွားဆုံး ထိခိုက်မှုကြီးဖြစ်နေတဲ့ ခိုးကူးခွေအန္တရာယ် ခြိမ်းခြောက်မှုအောက်မှာ တစ်ကိုယ်တော်အယ်လ်ဘမ်ထုတ်တာ စွန့်စားရာ ရောက်နေတယ်ဆိုပေမယ့်
ပရိသတ်ရှေ့ အဆိုတော်အဖြစ် ရပ်တည်ချင်လို့ စွန့်စားရပါတယ်လို့ အေသင်ချိုဆွေက ပြောပါတယ်။
သီချင်း ၁၃ပုဒ်ပါဝင်တဲ့ Play Boy အယ်လ်ဘမ်ထဲမှာ featuring ကို J Me၊ ကြက်ဖ၊ သြရသနဲ့ မိစန္ဒီတို့ ကူညီသီဆိုထားသလို သီချင်းပုံစံတွေပြောင်းထားတာကတော့ ပရိသတ်ကြိုက်မယ်ထင်တဲ့ အေးအေးဆေးဆေး နားထောင်နိုင်မယ့် သီချင်းတွေ ထည့်ထားတယ်လို့ ဆိုပါတယ်။
သီချင်းတစ်ပုဒ် ဖန်တီးရတာ မလွယ်သလို သီချင်းအယ်လ်ဘမ်ထုတ်ရတာလည်း ပိုခက်ခဲနေတဲ့ မြန်မာအဆိုတော်တွေအတွက် သီချင်းဆိုလို့ရတဲ့ပိုက်ဆံကိုစုပြီး ခွေထုတ်ရတာကြောင့် ခိုးကူးတွေကို အားမပေးဖို့ မေတ္တာရပ်ခံခဲ့သလို ခိုးကူးခွေဟာ အနုပညာရှင်တွေကို စော်ကားသလိုပဲလို့ ပြောပါတယ်။
Play Boy အယ်လ်ဘမ်ထဲက လမ်းခွဲမိမယ်သီချင်းကို သိပ်ကြိုက်နေတဲ့ အဆိုတော် ပိုပိုက ပရိသတ်တွေလည်း အနုပညာရှင်တွေ အားစိုက်ပင်ပန်းခံထားတဲ့အတွက် မူရင်းခွေကိုသာ တစ်လလောက် ရောင်းပြီး ခိုးကူးချင် ခိုးကူးကြပါတော့လို့ မသက်မသာနဲ့ မေတ္တာရပ်ခံပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...