ဧဒင်အချစ်ပုံပြင်: ပထမဆုံး စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည့် Goal Line နည်းပညာ

Sunday 15 June 2014

ပထမဆုံး စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည့် Goal Line နည်းပညာ



ကမ္ဘာ့ဖလား အုပ်စု(E)ပွဲစဉ်အဖြစ် ပြင်သစ်က ဟွန်းဒူးရပ်စ်ကို (၃-၀)ဖြင့် အနိုင်ရခဲ့ရာ၌ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကာရင်ဘန်ဇီးမား သွင်းယူသည့် ဒုတိယဂိုးမှာ ဂိုးစည်းပေါ် ဘောလုံးကျော်မကျော် အငြင်းပွားစရာ ဖြစ်ခဲ့ရသည်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီး မိနစ်ပိုင်းမျှ အကြာတွင် ဘန်ဇီးမားက ထောင့်ဖြတ်ကန်သွင်းရာ
ဂိုးတိုင်အတွင်းဘက်ကို ထိမှန်လာသည့် ဘောလုံးက ဟွန်းဒူးရပ်စ် ဂိုးသမား နိုဝယ်လ် ဗာလာဒါရက်စ်နှင့် ထိမိပြီး ဂိုးစည်းကိုကျော်ကာ ဂိုးဝင်သွားခဲ့သည်။
သို့သော်လည်း ဗာလာဒါရက်စ်က ဘောလုံးကို လက်ဖြင့်ဆွဲယူလာပြီး ဂိုးစည်းအပြင်ဘက်တွင် ဖမ်းယူထားလိုက်သည်။ ဖြစ်စဉ်မှာ မြန်ဆန်လွန်းပြီး ဒိုင်လူကြီး အနေဖြင့် ဆုံးဖြတ်ရန် ခက်ခဲနေသော်လည်း Goal Line နည်းပညာက ဂိုးဝင်ကြောင်း အချက်ပြခဲ့သည်။
ဟွန်းဒူးရပ်စ် နည်းပြနှင့် အသင်းသားများက ဝိုင်းဝန်းကန့်ကွက်ကြပြီး ဒိုင်လူကြီး ဆန်ဒရိုမီရာ ရစ်ကီကိုယ်တိုင်ကလည်း နှစ်ဖက်အသင်း နည်းပြများကို ခေါ်ယူဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် နည်းပညာ အဆုံးအဖြတ်အတိုင်း ပြင်သစ်အသင်း ဂိုးရရှိသည်ဟု ဒိုင်က အတည်ပြုပေးခဲ့သည်။
ပြန်လည်စစ်ဆေးမှုအရ ဘောလုံး အတွင်းတိုင်ကို ထိမှန်ပြီး ဂိုးစည်းနှင့်အပြိုင် ပြန်ကန်ထွက်လာစဉ်အထိ Goal Line နည်းပညာက ဂိုးဝင်သည်ဟု မဆုံးဖြတ်သေးဘဲ ဂိုးသမား ဗာလာဒါရက်စ်နှင့် ထိမှန်ကာ ဂိုးစည်းကို ဘောလုံး လွတ်လွတ်ကျွတ်ကျွတ် ကျော်ထွက်သွားချိန်မှာ ဂိုးအဖြစ် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရသည်။
_Ref; Goal
Add this here

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...