ဧဒင်အချစ်ပုံပြင်: သင်္ကြန်မှာ သူတို့ ဘယ်မှာ ရှိမလဲ

Sunday, 8 April 2012

သင်္ကြန်မှာ သူတို့ ဘယ်မှာ ရှိမလဲ


သင်္ကြန်မှာ သူတို့ ဘယ်မှာ ရှိမလဲ ထက်ထက်ထက်ထက်
ထက်က ဒီနှစ်သင်္ကြန်မှာ ဧပြီ (၁၁) ရက်နေ့ကျရင် မလေးရှား သွားမယ်။ (၁၃) ရက်နေ့မှာ ရန်ကုန်ပြန်ရောက်မယ်။ အကြတ်နဲ့ အတက်နေ့တွေမှာ ဟိုမဏ္ဍပ်ကူး ဒီမဏ္ဍပ်ကူးနဲ့ သီချင်းလည်းဆိုမယ်။ ရေလည်းကစားဖြစ်မယ်။ သင်္ကြန် ဆိုတာ မြန်မာတွေရဲ့ မရိုးနိုင်တဲ့ နှစ်သစ်ကူးပွဲဖြစ်တဲ့အတွက် ဂုဏ် ယူစရာပွဲပါ။

ခေမီကို
ခေမီကိုတို့ အဖွဲ့သင်္ကြန် ကျရင်မလေးရှားနဲ့တောင်ကြီးမှာ ရှိမှာပါ။ သင်္ကြန်ဆိုတာ ရှေးရိုးရာ အစဉ်အလာပါ။ ဒါပေမဲ့ ခေမီကိုတို့ က အနောက်တိုင်းဆန်ဆန် အက လေးတွေနဲ့ နှစ်များစွာ ဖျော်ဖြေ လာခဲ့တယ်။ ဒီနှစ်က ခေတ်မီတိုး တက်တဲ့နှစ်လည်းဖြစ်မယ်။ အလန်း ဆုံးနှစ်လည်းဖြစ်မယ်။ ရန်ကုန်မှာ လည်း အရမ်းစည်မယ်လို့ သတင်း ကြားပါတယ်။ မြန်မာသင်္ကြန်မှာ မြန်မာယိမ်းတွေကိုတွေ့ရတဲ့ အတွက်လည်း ဝမ်းသာမိပါတယ်။ မြန်မာ့ရိုးရာသင်္ကြန်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ကလည်း ခေမီကို တို့မှာ တာဝန်ရှိပါတယ်။
နန်းဆုရတီစိုး
နန်းဆုသင်္ကြန်မှာ မန္တလေး မြို့တော်ဝန်မဏ္ဍပ်မှာ ရှိမှာပါ။ အဲဒီ မဏ္ဍပ်မှာ သီချင်းတွေဆိုရင်း ပရိသတ်ကို ဖျော်ဖြေမှာပါ။ သင်္ကြန် ဆိုတာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ရေသဘင်ပွဲလို့ဆိုချင်ပါတယ်။
ကျော်ထွဋ်ဆွေ
သင်္ကြန်မှာ ကျွန်တော် ရန်ကုန် က ၆၉.၅ မဏ္ဍပ်မှာပဲရှိမှာပါ။ သင်္ကြန်မှာ ကျွန်တော့်သူငယ်ချင်း တွေနဲ့အတူရှိမယ်။ သင်္ကြန်ကို ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ပရိသတ် တွေပျော်ပျော်ပါးပါးဖြတ်သန်းရ အောင်လို့ပြောချင်ပါတယ်။
8 Days

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...