Sunday, 8 April 2012
ဘန်ကောက်ဓားသမား ဇနီးဖြစ်သူအား လည်ပင်းတွင်ဓားထောက်၍ ဓားစာခံပြုလုပ်
ဧပြီ ၅ ရက်၊ ကြာဿပတေးနေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် မူးယစ်ဆေးစွဲနေပြီး စိတ်အခြေအနေပုံမှန်မဟုတ်သူတစ်ဦးက ၎င်း၏ဇနီးဖြစ်သူအား လည်ပင်းတွင် အရိုးအသွား ၁၀ လက်မရှိ
ဓားဖြင့်ထောက်၍ ဓားစာခံအဖြစ်ဖမ်ဆီးထားခဲ့သည်။ ရဲတပ်ဖွဲ့က ဇနီးဖြစ်သူအားလွှတ်ပေးရန်
အကြိမ်ကြိမ်ဖျောင်းဖျပြောဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
နောက်ဆုံးတွင် အဆိုပါဓားသမားအား ရုတ်တရက် ရဲတပ်ဖွဲ့က အလစ်အငိုက်ဝင်ရောက်ထိန်းချုပ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ၎င်းအားထိန်းချုပ်ဖမ်းဆီးနိုင်ရန် ၆ နာရီကြာ
အချိန်ယူခဲ့ရကြောင်း Daily Mail သတင်းက ပြောကြားသည်။
@ Planet Myanmar Network
Subscribe to:
Post Comments (Atom)
No comments:
Post a Comment