ဧဒင်အချစ်ပုံပြင်: မိကျောင်းပေါသည့် မြစ်အတွင်း ဗြိတိန် အလောင်းနှစ်လောင်း ဆယ်ယူ

Wednesday 30 May 2012

မိကျောင်းပေါသည့် မြစ်အတွင်း ဗြိတိန် အလောင်းနှစ်လောင်း ဆယ်ယူ


အိန္ဒိယ နိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သည့် ဘန်ဂလူရူ မြို့အနီး စီးဆင်းသော ကာဗီရီမြစ် သို့ ခရီး ထွက်ကြစဉ် အီယန် တာဝန်နှင့် မိုက်ကယ် အီစတန်တို့ သေဆုံး ခဲ့သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်း မိကျောင်းများ ကျင်လည်ကျက် စားသည့် မြစ်အတွင်း လှေဖောင် မျှောလာစဉ် ရေထဲကျသွားသည့် ဗြိတိသျှလူမျိုး အလောင်း နှစ် လောင်းကို ရဲများက ရေငုပ်၍ ဆယ်ယူခဲ့ကြောင်း အိန္ဒိယတာဝန်ရှိ သူများက ပြောသည်။
ယောက်ခ်မှလာသူ အီယန် တာတန်းနှင့် လန်ဒန်အနောက်ပိုင်း ဟော်လန်ပါခ့်မှလာသူ မိုက်ကယ် အီစတန်တို့သည် ဘန်ဂလူရူမြို့ အနီး ကာဗီရီမြစ်တွင် ဖောင်မျှော လာစဉ် ၄င်းတို့၏လှေကို အမြန် ရိုက်ချခံလိုက်ရပြီး ကျောက်ဆောင် များနှင့်တိုက်မိ၍ဖောင်မှောက်သွား သည်ဆို၏။ ထိုသူနှစ်ဦး၏
အလောင်းများ ကို ရေငုပ်ရှာသူများက ဆွဲထုတ်ခဲ့ပြီး လှေဖောင်ကိုလည်း သယ်ယူ ခဲ့ကြောင်း ရဲမှူးကြီး နာနူပမ်အာဂါ ဝါက ဆိုသည်။
သေဆုံးသူများ၏ မိသားစုများကို အကြောင်းကြား၍ အလောင်းများကို ယူကေသို့လိုက် ပြီဟု အာဂါဝါက ထုတ်ဖော်ပြော ဆိုသည်။ သေသူနှစ်ဦး၏မိသားစု များဆီ ကောင်စစ်ဝန်လက်ထောက် ကို အကြောင်းကြားခိုင်းလိုက်သည် ဟု နိုင်ငံခြားရေးရုံးကဆိုသည်။
အသက် ၄၅ နှစ်ရှိသူ တာ တန်က အမေရိကန်ကုမ္ပဏီတစ်ခု ဖြစ်သည့် တန်နက်ကို အော်တိုမိုး တစ်ဗ် ကုမ္ပဏီတွင် အလုပ်လုပ်နေ ပြီ။ အသက် ၆၂ နှစ်အရွယ်ရှိသူ အီစတန်သည် ရှလ်ကုမ္ပဏီက သုတေသန သိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။
“အီယန်က ကျွန်တော်တို့ရဲ့ထုတ်လုပ်ရေးနဲ့ စက်မှုရေးရာအဖွဲ့ မှာ သိပ်တန်ဖိုးရှိသူတစ်ဦးပါ။ ဒီကုမ္ပဏီရဲ့ နိုင်ငံတကာ ကျယ်ပြန့် ရေးကို အထောက်အကူပြုဖို့ တန် နက်ကို လုပ်ငန်းနေရာအမျိုးမျိုးမှာ သူလုပ်ရပါတယ်” ဟု Tenneco Ride Control Europe ၏ဒုတိယဥက္ကဋ္ဌနှင့် မန်နေဂျာဖြစ်သူ ဆန်ဒရိုပါပါရယ်လီက ပြောသည်။
မိုင်ပေါင်း ၄၉၇ မိုင်ရှည်သည့် ကာဗီရီမြစ်သည် တာမီလ်နာဒူပြည် နယ်အပါအဝင် အန္ဒိယတောင်ပိုင်းပြည်နယ်သုံးခုကို ဖြတ်သန်းစီး ဆင်းသည်။ ထိုမြစ်တွင် မိကျောင်း များ နေထိုင် ကျက်စားသည်ဟု ဆို သည်။
MTN Ref: The Guardian
Venus News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...