ဧဒင်အချစ်ပုံပြင်: ကလေးမွေးပြီးချိန်တွင် မိခင်တို့ လုပ်သင့် သည့် အလှအပ ပြုပြင်နည်း ငါးသွယ်

Monday 11 June 2012

ကလေးမွေးပြီးချိန်တွင် မိခင်တို့ လုပ်သင့် သည့် အလှအပ ပြုပြင်နည်း ငါးသွယ်

ကလေး မွေးထားပြီး ချိန်မှာ ကလေးကို ပြုစု စောင့်ရှောက် နေရ တာရော၊ အိမ်မှု ကိစ္စတွေကို လုပ်ဆောင် နေရတာကြောင့်ပါ မိခင် အများစုဟာ ကိုယ့်အလှအပ အတွက် ဂရုမစိုက်ဘဲ လျစ်လျူ ရှုထားတတ် ကြပါတယ်။ အလှပြင်တယ် ဆိုတာ ကြည့်ကောင်းစေဖို့ အပြင် စိတ်ခံစားမှုကို ပိုကောင်းစေပြီး ယုံကြည်မှု ပိုရှိစေပါ တယ်။
ဆံပင်ပုံစံ ပြောင်းပါ
မွေးကင်းစကလေးကို ပြုစုစောင့် ရှောက်နေချိန်မှာ
ဆံပင်ကို ဓာတုဗေဒ ပစ္စည်းတွေနဲ့ မပြုပြင်သင့်ပါဘူး။ ဒါပေ မဲ့ ပင်ကိုဆံပင်ကိုပဲ ဆွဲဆောင်မှုရှိရှိနဲ့ လှ ပနေအောင် ပြင်ဆင်သင့်တာပါ။ ဆံပင် ကို ပေါင်းတင်ပြီး အဖျားတွေ တိပေး လုပ်သင့်ပါတယ်။
လက်သည်း၊ ခြေသည်း သန့်စင်လှပ အောင် ပြုပြင်ပါ
လက်သည်း၊ ခြေသည်းတွေကို ကြည့်ကောင်းအောင် ပြုပြင်ထိန်းသိမ်းဖို့ ရာအတွက် အလှပြင်ဆိုင်ကို သွားပါ။ အိုး ခွက်ပန်းကန်တွေ ဆေးကြောတဲ့အခါမှာ လက်အိတ်စွပ်ထားပါ။ လက်သည်း၊ ခြေ သည်းတွေကို ခပ်တိုတို ညှပ်ထားရင် က လေးအနှီးလဲရာမှာ၊ ကလေးကို ပွေ့ချီရာ မှာ အဆင်ပြေပေမယ့် သန့်စင်လှပ အောင် လက်သည်းနီဆိုးကာ ပုံဖော်တာ မျိုးနဲ့ ကြည့်ကောင်းအောင် ပြင်ဆင်နိုင် ပါတယ်။
မျက်နှာပြုပြင်ပါ
တကယ်လို့ အချိန်ရရင် အလှပြင် ဆိုင်ကို သွားပြီး အသားအရေထိန်းသိမ်း နည်းကို လုပ်ဆောင်ပါ။ တကယ်လို့ အ အောင် ပြုပြင်ထိန်းသိမ်းသင့်ပါတယ်။ ပြုပြင်နည်းကတော့ ဒိန်ချဉ်အ လွတ်တစ်ခွက်နဲ့ ဂျုံမှုန့်အကြမ်းခွက်တစ် ဝက်ကို ရောမွှေပြီး မျက်နှာပေါ်လိမ်းကာ ၁၅မိနစ်ခန့်ထားပေးပါ။ ပြီးမှ ကြက်သီး နွေးရေစွတ်ထားတဲ့ ပိတ်စတစ်စနဲ့ မျက် နှာပေါ် ညင်ညင်သာသာ သုတ်ပေးပါ။ အရေပြားက အဆီပြန်တဲ့ အမျိုးအစား ဖြစ်ရင် သံပုရာရည်အစက်အနည်းငယ် ကို ထည့်ပေးနိုင်ပါတယ်။ ခြောက်သွေ့ တဲ့ အမျိုးအစားဖြစ်ရင် ပျားရည် ထမင်း စားဇွန်းနှစ်ဇွန်း ထည့်ပေးပါ။
ကြေးချွတ်ကာ နှိပ်ပေးပါ
ကလေးကို အချိန်ပြည့်ပြုစုစောင့် ရှောက်နေရတာကြောင့် ရေကြာကြာ ချိုး ဖို့ အချိန်တောင် မပေးနိုင်ဘူးလား။ သင် ကိုယ်တိုင်လည်း အပန်းပြေဖို့ လိုတာ ကြောင့် ရေချိုးရင်း ကြေးချွတ်ကာ နှိပ် နယ်ပေးပါ။ သင့်ခင်ပွန်းကို နှိပ်နယ်ခိုင်း တာက ပိုအဆင်ပြေပါတယ်။
ရေစိမ်ချိုးပါ
ညောင်းညာပင်ပန်းနေချိန်မှာ ကြက်သီးနွေးရေထဲ စိမ်ချိုးတာကြွကက် သားညောင်းညာမှုကို ပြေလျော့စေပြီး ချွေးပေါက်တွေကို ပွင့်စေကာ အညစ် အကြေးတွေကို ကင်းဝေးစေပါတယ်။ ကြက်သီးနွေးရေစိမ်ကန်ထဲကို လာဗန်ဒါ ဆီ၊ စန္ဒကူးဆီတို့လို မရှိမဖြစ်အဆီအစက် အနည်းငယ်ထည့်ကာ စိမ်ချိုးပါ။ တေးသီ ချင်းနားဆင်ရင်း မွှေးရနံ့ပါတဲ့ ဖယောင်း တိုင် ထွန်းထားရင်လည်း စိတ်ဖိစီးမှုကို လျော့ကျစေပါတယ။်
ကြယ်စင်
Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...