ယနေ့ နံနက် အိန္ဒိယ စံတော်ချိန် ၅း၀၀ နာရီ ခန့်က ဒေလီရောက်ချင်းဒုက္ခသည် Pu Thang Chum (၆၀) သည် ခွေးကိုက် ဒါဏ်ရာကြောင့် သေဆုံးသွားကြောင်း သိရသည်။
ယခု နှစ် မတ်လ ၂၁ ရက်နေ့က အပြင်ထွက်ချိန်မှာ ခွေးက သူ့ခြေမကို ကိုက်ပြီး ဆေးခန်း တွင် ဆေး ၇ ကြိမ်ထိုးခဲ့ပြီး နောက် ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့တွင် ဒါဏ်ရာသည် ပြန်လည် ယားယံ လာ သောကြောင့် ဆေးခန်းသို့ ပြန်လည် ပြသခဲ့ရာ ဆရာဝန်မှ ဆေးရုံသို့ ချက်ချင်းပို့ခိုင်းခဲ့သည်။
လူနာသည် မကြာမကြာ သွေးလန့်ပြီး အိပ်မရ နိုင်ဖြစ်ခဲ့ရာ Mata Channan Dei Hospital , Delhi ဆေးရုံ ဆရာဝန်ကောက်ချက်အရ လူနာ တကိုယ်လုံး ခွေး အဆိပ်က လွှမ်းနေပြီဖြစ်သည်ဟု သိရသည်။
လူနာကို ဇွန်လ ၃ ရက်နေ့တွင် D D U ပြည်သူ့ဆေးရုံးကြီးသို့ ပြန်လည်ပြသ ကြသော်လည်း ဆရာဝန်တွေက လက်မြှောက်ကြသဖြင့် အိမ်သို့ ပြန်လည် သယ်ဆောင်လာကြပြီး အိမ်တွင် တညသာ အသက်ရှင်ခဲ့ပြီး ယခုကဲ့သို့ ဆုံးပါးသွားခြင်းဖြစ်သည်။
ကွယ်လွန်သူ ပူး ထန်ချုံးသည် ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ မှူန်ဟဲလ် ရွာသားဖြစ်ပြီး သူ့ ဇနီးနှင့် အတူ ဒေလီတွင် ဒုက္ခသည် အဖြစ်နေထိုင်ကြသူများဖြစ်သည်။
@CNG
No comments:
Post a Comment