ဧဒင်အချစ်ပုံပြင်: ဇွန်(၆)ရက်နေ့တွင် ကမ္ဘာနှင့်နေကြား သောကြာဂြိုဟ်ဖြတ်မည်

Tuesday, 5 June 2012

ဇွန်(၆)ရက်နေ့တွင် ကမ္ဘာနှင့်နေကြား သောကြာဂြိုဟ်ဖြတ်မည်

                   


သောကြာဂြိုဟ်သည် မြေကမ္ဘာနှင့်နေတို့အကြားဝယ် ဇွန်လ(၆)ရက်နံနက် ၁၁ နာရီ ၂၉ မိနစ်မှစတင်၍ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့သောဖြတ်သန်းမှုသည် ထူးခြားသည်နက္ခတ်တာရာဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်သည့်အပြင် နက္ခတ်ဗေဒင်ပညာအလိုအရလည်း အရှေ့တောင်အာရှနိုင်ငံများအပေါ်
အကျိုးသက်ရောက်မှုသိသာလိမ့်မည်ဖြစ်ကြောင်း သိရသည်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာယိုယွင်းကျဆင်းမှုတို့ဖြစ်ပေါ်လာနိုင်သည်ဟု နက္ခတ်ဗေဒင်ပညာရှင်တို့ကဆိုကြသည်။

ကမ္ဘာနှင့်နေအကြား သောကြာဂြိုဟ်ဖြတ်သန်းသွားခြင်းသည် ကမ္ဘာနှင့်နေအကြား

လဖြတ်သွားသဖြင့်ဖြစ်ပေါ်သည့် နေကြပ်ခြင်းဖြစ်စဉ်နှင့်တူညီသော်လည်း ထိုသို့မြင်တွေ့ကြရမည်မဟုတ်ပဲ
သောကြာဂြိုဟ်အား နေပေါ်မှအစက်အပြောက်ငယ်တစ်ခုသဖွယ်သာ မြင်တွေ့ရမည်ဖြစ်သည်။

ယခုဖြစ်စဉ်မျိုးသည် နောင်နှစ်ပေါင်း ၁၀၅ နှစ် (သို့) ၁၂၂ နှစ်ခန့်တွင်မှထပ်မံဖြစ်ပေါ်ဖြစ်ပြီး၊ နောက်ဆုံးအကြိမ်အဖြစ် ၁၈၇၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည်။ သောကြာဂြိုဟ်၏တစ်ရက်သည်
ကမ္ဘာရက်နှင့်တွက်မည်ဆိုပါက ၂၄၃ ရက်မျှကြာမြင့်သည်။

@ Popular Myanmar News Journal



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...