ဧဒင်အချစ်ပုံပြင်: မလေးရှားကိုသရေကစားရုံဖြင့် မြန်မာ ယူ ၂၂ အာရှဖလား ခြေစစ်ပွဲအောင်ပြီ

Sunday 1 July 2012

မလေးရှားကိုသရေကစားရုံဖြင့် မြန်မာ ယူ ၂၂ အာရှဖလား ခြေစစ်ပွဲအောင်ပြီ




ခြေစစ်ပွဲအောင်ဖို့ အခြေအနေကောင်းနေသည့် မြန်မာအသင်း

အာရှ ယူ - ၂၂ ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအသင်းဟာ ဒီကနေ့ကစားခဲ့တဲ့ တရုတ်တိုင်ပေနဲ့ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် နောက်ဆုံးပွဲမှာ မလေးရှားကိုသရေကစားနိုင်ရုံနဲ့ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
မြန်မာကတရုတ်တိုင်ပေကို ၆ ဂိုး ၂ ဂိုးနဲ့ နိုင်သလို မလေးရှားကလည်း ဗီယက်နမ်ကို ၃ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် အုပ်စုတွင်း ရပ်တည်မှုအရ မြန်မာက ၁၀ မှတ် ဒုတိယမလေးက ၉ မှတ်နဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။



ဒါကြောင့်လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ တွေ့ဆုံမယ့် မြန်မာနဲ့ မလေးရှားပွဲဟာ ခြေစစ်ပွဲ တိုက်ရိုက်အောင်နိုင်ရေးအတွက် နှစ်သင်းလုံး ရုန်းကန်ကြမှာဖြစ်လို့ အတော်ကို အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တခု ဖြစ်လာမှာပါ။

မြန်မာအနေနဲ့ မလေးကို သရေကစားနိုင်တာနဲ့ ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့် မလေးရှား အတွက်တော့မြန်မာကို အနိုင်ရမှသာ ခြေစစ်ပွဲတိုက်ရိုက် အောင်မှာပါ။

ကစားပုံတိုးတက်လာပြီး အိမ်ရှင် အားသာချက်ရှိနေတဲ့ မြန်မာအသင်းကို မြန်မာပရိသတ်တွေရှေ့မှောက်မှာ မလေးရှားက အနိုင်ကန်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သုဝဏကွင်းမှာဒီနေ့ နေ့လည် ၃ နာရီ ၁၅ မိနစ်က ကစားခဲ့တဲ့ မြန်မာနဲ့ တရုတ်ပွဲစဉ်မှာမြန်မာအသင်းအတွက် ဂိုးတွေကို အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းက ၃ ဂိုး၊နိုင်လင်းဦး၊ ရန်အောင်ဝင်းနှင့် ကောင်းစည်သူတို့က ၁ ဂိုးစီ သွင်းယူခဲ့ကြပါတယ်။

တောင်ကိုရီးယားကတော့ ဖိလစ်ပိုင်ကို ၁၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့လို့ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါပြီ။

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ အာရှ ယူ ၂၂ ခြေစစ်ပွဲ အုပ်စု (ဆ) ရပ်တည်မှုများကိုအောက်ပါလင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/2013_AFC_U-22_Asian_Cup_qualification#Group_G



မြန်မာအသင်းအတွက် ဂိုးအများဆုံးသွင်းယူထားသူ အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း



တရုတ်တိုင်ပေအား အနိုင်ယူပြီးနောက် တွေ့ရသည့် မြန်မာ ယူ ၂၂
သန့်စင်ငြိမ်းချမ်း

1 comment:

  1. အားပေးလို့တော့ ကောင်းဦးမယ်ဗျာ...:)))

    ReplyDelete

Related Posts Plugin for WordPress, Blogger...